ဒဏ်ရာတစ်ခု ရရှိပြီးတဲ့ အခါ အမာရွတ်ဆိုတာ ကျန်ခဲ့တတ်ပါတယ်။ ဒီအမာရွတ်က အလှတရားကို ဖုံးလွှမ်းစေပြီး အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အမာရွတ် ပျောက်ဆေးတွေကို ရက်လ နဲ့ ချီပြီး အသုံးပြုနေပေမယ့် ထိရောက်မှု အားနည်းနေတယ် ဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းလေးကို လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အမာရွတ်ကို ပျောက်ကင်းစေမယ့်အပြင် ဘေးထွက်ဆိုးကျိုး မရှိဘဲ ငွေကြေးလည်း အကုန်အကျ သက်သာမယ့် အိမ်တွင်းကုထုံး နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။  

ပါ၀င်သောပစ္စည်းများ

- Extra Virgin Olive Oil ( သံလွင်ဆီ အသန့်စစ်စစ်) ၁/၄ ခွက်

- သန့်စင်တဲ့ သဘာဝ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

- Lavender Essential Oil ( လာဗန်ဒါအရွက်က ထုတ်လုပ်တဲ့ ဆီ) ၄ စက်

- အုန်းဆီ ၁/၄ ခွက်

ပြုလုပ်ပုံ အဆင့်ဆင့်

- အိုးတစ်လုံးထဲကို အုန်းဆီထည့်လိုက်ပါ။ အဲဒီနောက် မီးဖိုပေါ်တင်ပြီး အနေတော်အပူပေးပါ။

- ပြီးရင် အိုးထဲကို Lavender ဆီ၊ သဘာဝ ပျားရည် ၊ သန့်စင်တဲ့ သံလွင်ဆီ ထည့်ပြီး ယောင်းမနဲ့ မွှေပေးပါ။ အဲဒီနောက် ပါ၀င်ပစ္စည်းတွေအားလုံး သေချာစွာ ရောနှောသွားပြီး ပူလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါ။

- မကြာခင်မှာပဲ အဲဒီအရည်က အေးသွားမှာဖြစ်ပြီး အရည်ကို ရေခဲသေတ္တာထဲ မိနစ် ၂၀ ခန့်ထည့်ထားပါ။

- အဲဒီအရည်ကို အမာရွတ်ရှိတဲ့နေရာမှာ မနက်တစ်ကြိမ်နဲ့ ညနေတစ်ကြိမ်လိမ်းပေးပါ။

- ပုံမှန်လိမ်းပေးခြင်းဖြင့် တစ်လ အတွင်းမှာ အမာရွတ်တွေပျောက်ကင်းသွားပါလိမ့်မယ်။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီးနောက် အားလုံးပဲ တစ်နေ့ထက် တစ်နေ့ ပို ပိုပြီး လှနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit: Mystyle

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။