တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချော တစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်နဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

ဝတ်မှုန်ရွှေရည်နဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးတော့မယ့်အကြောင်းကိုတော့ ရွှေထူးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသ်တွေကို အသိပေး ပြောပြထားတာ ဖြစ်ပါတယ်..။

ဇာတ်ကားရဲ့ နာမည်ကိုတော့ မသိရသေးပေမယ့် လာမယ့် မတ်လထဲမှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ကာ 7 SENSE Film Production က ရိုက်ကူးထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

အဆိုတော်ရွှေထူးကတော့ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်ကလည်း နေတိုး၊ မိုးစက်ဝိုင်တို့နဲ့အတူ “ပက်ပက်စက်စက်ညို့” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

မိန်းကလေး ပရိသတ်တွေ အများဆုံး ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ရွှေထူးကတော့ ဂီတအနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသလို သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ရှိုးပွဲတွေလည်း သီဆိုဖျော်ဖြေနေတယ်လို့ သိရပါတယ်..။

Source - ရွှေထူး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။