မြန်မာနိုင်ငံရဲ့ နေ့ကြီးနေ့မြတ်တစ်ခုဖြစ်တဲ့ ပြည်ထောင်စုနေ့ကို ပရိသတ်များ မှတ်မိနေမယ်ထင်ပါတယ်။ (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အေးချမ်းသာယာပြည်မြန်မာ ရောင်စုံဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ မန္တလေးခရိုင် Community Centre တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁ဝ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ရှေးဦးစွာ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသောင်းနိုင်နှင့် မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ခင်ဝင်း(ခင်ခင်ဝင်း-ပညာရေး)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အေးချမ်းသာယာပြည်မြန်မာ ရောင်စုံ ဓါတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ၎င်းနောက် မန္တလေးတိုင်း ဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး နှင့် တာဝန်ရှိသူ များက ရောင်စုံဓါတ်ပုံများနှင့် စာအုပ်များ ခင်းကျင်းပြသမှုအား လှည့်လည်ကြည့်ရူကြပါတယ်။

အဆိုပါပြပွဲကို ဖေဖော်ဝါရီ ၈ ရက် မှ ၁၂ ရက်အထိ (၅)ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြို့နယ်စာရေးဆရာ အသင်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Source - MOI W M

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။