အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဘားကျွန်းအနောက်ပိုင်းရှိ ကျေးရွှာလေးတစ်ရွှာတွင် နေထိုင်တဲ့ အင်ဒိုနီးရှားလူမျိုး မိသားစုတစ်စုရဲ့အိမ်မွေးတိရစ္ဆာန် အဖြစ်မွေးမြူထားတဲ့ တိရစ္ဆာန်ကတော့ အရမ်းကိုထူးဆန်းလှပါတယ်။ အလျား၈ပေ ၈လက္မခန့် ကြီးမားရှည်လျားတဲ့ မိကျောင်းတစ်ကောင်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ အိမ်မှာမွေး ထားပြီး အတူနေထိုင်လျှက်ရှိတယ်လို့ သိရပါတယ်။အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက်လောင် အမည်ရှိတဲ့ အမျိုးသားကတော့ သူငယ်စဉ်ကတည်း တံငါသည်တွေဖမ်းမိလာတဲ့ မိကျောင်းသားလေး တစ်ကောင်ကို အင်ဒိုနီးရှားရူပီး ၂၅,၀၀၀  နဲ့ ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ 

မိကျောင်းရဲ့ အမည်ကို ‘ကိုဂျက်’ လို့ပေးပြီး သူ့ရဲ့ နေအိမ်မှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို မွေးမြူခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာ မိကျောင်းဟာ ကီလို ၂၀၀ လောက်အလေးချိန်ရှိတဲ့ အကောင်ကြီးဖြစ်လာပေမယ့် မိသားစုဝင်တွေကို ထိခိုက်နာကျင်အောင် တစ်ခါမှ မလုပ်ဘူးလို့ မိုဟာမက်ကဆိုပါတယ်။ မိကျောင်းကြီး ‘ကိုဂျက်’ ကြောင့် သူတို့ဟာ ထင်ပေါ်ကျော်ကြားလာပြီး မိကျောင်းနဲ့သူတို့ ဘယ်လိုနေထိုင်ပြုမူလဲဆိုတာကို အဝေးကနေတောင် လာကြည့်ကြတဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ အရှည် ၈ ပေ ၈ လက္မရှိနေပြီဖြစ်တဲ့ မိကျောင်းကြီးကို အိမ်ရှေ့ ဘေးရေကပြင်လေးမှာပဲ အကာအရံမရှိ မွေးမြူထားပြီး သူတို့ရဲ့ ကလေးတွေဖြစ်တဲ့ အသက် ၂ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးနှစ်ယောက်နဲ့ အနီးနားမှာပဲ မိကျောင်းက ရှိနေပါတယ်။ မိကျောင်းကြီး ‘ကိုဂျက်’ရဲ့ အစာအဖြစ် ရွှေငါးတွေကို ကျွေးမွေးပြီး တစ်ပတ်လျှင် ရူပီး ၅၀,၀၀၀ (ကျပ် ၄,၈၈၄)ခန့် ကျွေးရတယ်လို့ သိရပါတယ်။မိကျောင်းနဲ့ အတူနေထိုင်တဲ့ သူတို့ မိသားစုလေးကို သြစတြေးလျ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကတောင် လာရောက်ကြည့်ရှုကြပြီး အချို့က ရူပီး ၁ သန်းနဲ့တောင် ပြန်လည်ရောင်းချဖို့ ကမ်းလှမ်းလာမှုတွေရှိနေတယ်လို့ သိရပါတယ်။ မိကျောင်း ကြီးဟာ သူရဲ့မိသားစုဝင် တစ်ယောက်လို ဖြစ်နေတာကြောင့် မရောင်းနိုင်ဘူးလို့ မိုဟာမက်က ငြင်းပယ်ခဲ့ တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - Odditycentral

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။