အကြောပြတ်ခြင်း ဝေဒနာကို ယောကျ်ားလေးတွေထက် မိန်းကလေးတွေက ပိုပြီး ဖြစ်ပေါ်လေ့ ရှိပါတယ်။ အကြောပြတ်လေ့ရှိတဲ့နေရာတွေကတော့ ဗိုက်သား၊ တင်ပါး၊ ရင်သား၊ လက်မောင်းသား ၊ ပေါင်းသားတွေမှာ အဓိကဖြစ်ပေါ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်တဲ့ အချိန်၊ ကိုယ်အလေးချိန် မညီမျှတဲ့အချိန်တွေနဲ့ ဟော်မုန်းဓါတ် မညီမျှတာကြောင့် အကြောပြတ်ခြင်း ဖြစ်တ်ပါတယ်။ ဒီလို အကြောပြတ်ခြင်းကို ခံစားရတဲ့အခါ အလှအပကို ထိခိုက်စေတဲ့ အပြင် ယုံကြည်မှုလည်း အားနည်းစေတာကြောင့် အနည်းနဲ့ အများ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒ့ါကြောင့် အကြောပြတ်ခြင်းကို ကုသနိုင်ယမမယ့် အိမ်တွင်းကုထုံး နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ 

နည်းလမ်း ၁ - ကြက်ဆူဆီ

ကြက်ဆူဆီကို ၀ါဂွမ်းနှစ်ပြီး အကြောပြတ်တဲ့နေရာတွေမှာ လိမ်းပေးပါ။ ပြီးရင် အသားထဲ စိမ့်ဝင်သွားတဲ့ထိ မိနစ်အနည်းငယ် ပွတ်လိမ်းပေးပါ။ နေ့တိုင်းလုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသိ သာသာ ပျောက်ကင်း သက်သာပါလိမ့်မယ်။

နည်းလမ်း ၂ - အုန်းဆီ

အုန်းဆီမှာ အသားအရေ စိုပြေစေတဲ့ ဂုဏ်သတ္တိတွေပါ၀င်ပြီး အကြောပြတ်တာတွေကို သက်သာစေပါတယ်။ အုန်းဆီခဲကို လက်ဝါးမှာ အရင်ပွတ်လိမ်းလိုက်ပြီး ဗိုက်ကြောပြတ်တဲ့နေရာတွေမှာ လိမ်းပေးပါ။ အသားထဲ စိမ့်ဝင်သွားတဲ့ထိ ပွတ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပါ။ ၁ လလောက်ဆိုရင် သက်သာသွားမှာ ဖြစ်ပါတယ်။

နည်းလမ်း ၃ - ဗီတာမင် E

ဗိတာမင် E အဆီကို ၀ယ်ပါ။ ပြီးရင် ၀ါဂွမ်းစွတ်ပြီး အကြောပြတ်တဲ့နေရာမှာ လိမ်းပါ။ ပြီးရင် ညင်သာစွာ ပွတ်လိမ်းပေးပါ။ နေ့တိုင်းလုပ်ပေးပါ။ ၁ လဆိုရင် သိသိသာသာ ပျောက်ကင်းသွားမှာပါ။

ဖော်ပြပါ နည်းလမ်းများကို သိရှိပြီးနောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် လှသထက် လှနိုင်ကြပါစေရှင်။

Credit : My Style

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။