မနေ့ကရုံတင်ပြသခဲ့တဲ့ Dimensions ဇာတ်ကားကို အားပေးခဲ့သူလေးကတော့ ပရိတ်သတ် အချစ်တော် အေးမြတ်သူပါပဲ။ အမြဲတမ်း ချစ်စရာကောင်းတဲ့ သူမရဲ့အပြုံလေးက ချိုမြလို့နေ ပါတယ်။ သူမရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ ပါးချိုင့်လေးကတော့ အမြဲတမ်းပေါ်လွင်နေတဲ့ အလှတရားလေး တစ်ခုပါပဲ။ အောင်မြင်တဲ့မင်းသမီးတစ်ဦးအဖြစ် နဲ့ အနုပညာလောကမှာ ရပ်တည်နေတာ ဟာ အခုဆိုရင်အချိန်အတိုင်းအတာ တစ်ခုထိ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ သူမကိုချစ်ခင်အားပေးတဲ့ပရိတ်သတ်တွေကလည်း အများအပြားပါပဲ။

ပြီးခဲ့တဲ့လတုန်းက သူမရဲ့ Facebook မှာ “ ဘဝရဲ့အလှည့်အပြောင်းကြောင့် အနီးဆုံးမှာနေ ချင်ပေမယ့်လည်း အဝေးဆုံးမှာနေခဲ့ရတယ်..ဘွဲ့တစ်ခုမရခဲ့တဲ့အတွက် မိဘတွေအပေါ် တာဝန်မကျေသလို ခံစားရတယ်.. မိဘတွေအတွက် ဘွဲ့လေးတစ်ခုယူပေးချင်ခဲ့တာ စစ်မှ န်သော သစ္စာစကားပါ။ အသက် ၃၂ နှစ်အရွယ်ဒီနေ့မှ တက္ကသိုလ်မြေက အဓိပတိလမ်း မကြီးပေါ် လျှောက်ဖူးတယ်..မိဘတွေရဲ့ ဂုဏ်ယူတဲ့အပြုံးတွေကို ဖေကြီးနဲ့ မေကြီးတို့ရဲ့ မျက်နှာ ပေါ် ဆင်မြန်းပေးချင်မိတယ်..ဒီစာလေးဖတ်မိတဲ့ ညီမလေး မောင်လေးတို့လည်း မမြတ် လေးထက် မိဘအပေါ်တာဝန်ကျေသော သားသမီးများဖြစ်ကြပါစေရှင်” လို့ရေးသားထားပါ တယ်။ မိဘတွေအတွက် ဘွဲ့တစ်ခုမယူပေးနိုင်တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ သူမရဲ့ စကားလုံးလေးတွေက ရင်ထဲကို တကယ်ထိရှစေပါတယ်။

ဘွဲ့တစ်ခုမယူခဲ့ပေးနိုင်ပေမယ့် မိဘနှစ်ပါးကို ပြည့်စုံအောင်ထားပေးနိုင်တဲ့အတွက်ကြောင့် သူမအတွက် မိဘတွေက အမြဲတမ်း ဂုဏ်ယူမဆုံးဖြစ်နေမှာပါ။ ကိုယ်တတ်ကျွမ်းတဲ့ အနု ပညာနဲ့ မိဘတွေအပေါ်မှာရော ပရိတ်သတ်တွေအပေါ်မှာပါ တာဝန်ကျေစွာ ပေးဆပ်နိုင်ခဲ့ သူလေးမို့ အားလုံးရဲ့အချစ်တော်လေး ဖြစ်လို့နေပါတယ်။ Dimensions ပွဲကိုသွားကြည့်တဲ့ သူမရဲ့ရိုးရှင်းတဲ့ပုံစံလေးက တကယ်ကိုဆွဲဆောင်မှုအပြည့်ပါပဲ။ ပါးချိုင့်မင်းသမီးလေး အေးမြ တ်သူတစ်ယောက် ဘယ်လိုတွေလှနေမလဲ ဆိုတာတော့ ပုံလေးတွေနဲ့တကွ သက်သေပြပေး လိုက်ပြီနော်။

Photo - Aye Myat Thu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။