ကမ္ဘာ့တစ်လွှားက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအပြည့်ရနေသူထဲမှာ အဆိုတော်မိုင်လေးဆိုင်းရပ်စ်လည်း ပါ၀င်ပါတယ်။

နာမည်ကြီးအဆိုတော်မိုင်လေဆိုင်းရပ်စ် ရဲ့ ချစ်သူကောင်လေး Liam Hemsworth ဟာလည်း အမေရိကန်ထိပ်တန်းမင်းသားတစ်လက်ဖြစ်တာမို့ သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေက လူပြောများလျက်ရှိပါတယ်။

ဖေဖော်ဝါရီလ(၇)ရက်နေ့မှာတော့ မိုင်လေ နဲ့ လီယမ်ဟမ်းစ်ဝပ် တို့ စုံတွဲဟာ မာလီဘူးကမ်းခြေမှာ အားလပ်ရက်လေးအတူတူကုန်ဆုံးခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ်မိုင်လေနဲ့ အသက်(၂၈)နှစ်အရွယ် မင်းသားချော လီယမ် တို့နှစ်ဦးဟာ အဝတ်အစားတွေနဲ့အသုံးအဆောင်တွေပါ တခါထဲ ကိုင်ပြီး ကားပေါ်ကဆင်းလာတဲ့ပုံရိပ်တွေကို ပါပါရာဇီတွေက ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

မိုင်လေကတော့ နေကာမျက်မှန်နဲ့ အထာကျနေခဲ့ပြီး သူမရဲ့ မာလီဘူး သီချင်းလေးအတိုင်းပဲ ကမ်းခြေမှာ ချစ်သူနဲ့အတူတူ ရိုမက်တစ်ဆန်ဆန်ဖြတ်သန်းခဲ့ပုံရပါတယ်။

မိုင်လေဟာ ဟန်နာမွန်တားနား ဇာတ်လမ်းတွဲမှာ ငယ်ဘဝက ကလေးသရုပ်ဆောင်အနေနဲ့ နာမည်ကြီးခဲ့တာဖြစ်ပြီး အရွယ်ရောက်လာချိန်မှာတော့အမိုက်စားသီချင်းတွေနဲ့ ကျော်ကြားနေတာပါ။

လီယမ်ကတော့ အမေရိကန်ရဲ့နာမည်ကြီးမင်းသားတစ်လက်ဖြစ်သလို နှုတ်ခမ်းနီမလေးတွေအသဲစွဲ ရုပ်ရည်သွင်ပြင်မျိုးပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

စေ့စပ်ထားတဲ့သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ သာသာယာယာပါပဲ။  

Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။