မြန်မာနိုင်ငံဟာ ကုန်းဘောင်ခေတ်ကုန်နောက်ဆုံး မင်းဆက်သီပေါမင်းလက်ထပ်တွင် မြန်မာ့ထီးနန်း ပျောက်ဆုံးခဲ့တာပဲဖြစ်ပါတယ်။ ၎င်းနောက် မြန်မာနိုင်ငံ ကိုလိုနီခေတ်ကို ရောက်ရှိခဲ့ရကြောင်း သမိုင်းများတွင် အတိအကျ ဖော်ပြထားတာတွေ့ရမှာပဲဖြစ်ပါတယ်။ အဆိုပါ ကုန်ဘောင်ခေတ်နှင့် ကိုလိုနီခေတ်တွေမှာ အသုံးအပြုခဲ့တဲ့ လက်နက်များစွာကို မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် စံမြန်းခဲ့တဲ့ မန္တလေးမြို့တွင် သာထားရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လက်နက်များထဲမှ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းတွင်းထဲမှာ ပြသထားတဲ့ ရှေးဟောင်း အမြောက်တွေနဲ့ တချိန်က မြိုင်ဟေဝန်ဥယျာဉ်အတွင်းမှာ ပြသထားတဲ့ ကုန်းဘောင်ခေတ် လက်ရာနဲ့ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းလက်နက်တွေဟာ ထိန်းသိမ်းမှု အားနည်းနေပြီး ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေတာကို တွေ့ရပါတယ်။ ၎င်းအထဲမှ ကနောင်မင်းသားကြီး တည်ထောင်ခဲ့တဲ့ ဒင်္ဂါးစက်ရုံကိုတော့ သန့်ရှင်းရေးတွေ ပြုလုပ်ထားပြီး ပြန်လည်ထိန်းသိမ်းထားကိုတော့ တွေ့ရပါတယ်။ 

နန်းတွင်းထဲမှာရှိတဲ့ သမိုင်းဝင် အဆောက်အဦးတွေကို ရှေးမူမပျက် စနစ်တကျ ထိန်းသိမ်းသင့်တယ်လို့ သမိုင်းပညာရှင်တွေကလည်း အကြံပြုတိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်မှာ အသုံးပြုခဲ့တဲ့ လက်နက်များ ထိမ်းသိမ်းမှု လျော့နည်းမှု အကြောင်း မိတ်ဆက်ပေးရင် ချစ်ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

Source - DVB TV 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။