အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာရာလာ ပြည်နယ်က ကိတ်မုန့် ဖုတ်သမားတွေဟာ ပေ ၆၀၀ အရှည်ရှိတဲ့ ဧရာမ ကိတ်မုန့်ကြီးကို အောင်အောင်မြင်မြင် ဖုတ်နိုင်ခဲ့လို့ သမိုင်းမှတ်တိုင် တခုကို စိုက်ထူနိုင်ခဲ့ ပါတယ်။

အိန္ဒိယနိုင်ငံ သမိုင်းမှာ အကြီးမားဆုံး ကြက်ဥမပါတဲ့ ကိတ်မုန့်အဖြစ် လမ်ကာ အိန္ဒိယ မှတ်တမ်းစာအုပ် Limca Book of Records မှာ မှတ်တမ်းတင်နိုင် ပါတယ်။

ကိတ်မုန့်ကြီးဟာ အလေးချိန် အားဖြင့် ကီလိုဂရမ် ၃၁၂၀ ရှိပြီး သမိုင်းထဲက ထင်ရှားတဲ့ လူ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး သမားတွေ၊ အိန္ဒိယ ယဉ်ကျေးမှု အနုပညာတွေ၊ ဘုရားကျောင်းတွေကို ပုံဖော်ထား ပါတယ်။

ကိတ်မုန့်ပေါ်မှာပဲ ၁၈၈၃ ခုနှစ်က စတင်ပြီး ကိတ်မုန့်ဖုတ်တဲ့ စနစ် အဆင့်ဆင့် ပြောင်းလဲပုံကိုလည်း ပုံဖော်ထားပါတယ်။  

အိန္ဒိယမှာ ကိတ်မုန့် ဖုတ်ခဲ့တဲ့ သက်တမ်း ၁၃၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကာရာလာ ပြည်နယ် အခြေစိုက် ကိုချင်း ကိတ်မုန့်ကုမ္ပဏီက စီစဉ်တာဖြစ်ပါတယ်။ ဧရာမ ကိတ်မုန့်ကြီးကို ရဖို့အတွက် ကိတ်မုန့်ဖုတ်သမား ၂၃ ယောက်ဟာ နာရီ ၂၀ ကြာအောင် ဖုတ်ခဲ့ ရတယ်လို့ ဆိုပါတယ်။ 

Source : ကိုမျိုး(သုတစွယ်စုံ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။