လူမှုကွန်ယက်တွင် နာမည်ကြီးလူပြောများနေတဲ့ ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာ အောင်ချစ်ပိုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးလို့ သိရပါတယ်။ ဖေဖော်ဝါရီလ (၈)ရက်နေ့ဒီနေ့မှာတော့ ရဲတပ်ဖွဲ့သွားရောက်ဖမ်းစီးလိုက်ပြီ စမ်းချောင်းမြို့မ ရဲစခန်းတွင် ခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနေ့ကတော့ အမျိုးသမီးတစ်ဦးရဲ့ တိုင်တန်းချက် အောင်ချစ်ပို(ဖမ်းမိ)အား စမ်းချောင်းမြို့မရဲစခန်းတွင် (ပ)၅၄/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၅၄/၅၀၆ (ကာယိနြေ္ဒပျက်စီးစေမှု/ ခြိမ်းခြောက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိတာပဲ ဖြစ်ပါတယ်။  

အဆိုပါ မ ------(၂၂)နှစ်ဖြစ်သူရဲ့ တိုင်းကြားချက်အရ လွန်ခဲ့တဲ့၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် (ရက်အတိ အကျမသိ) မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်နေထိုင်တဲ့ သူမဟာ ဆယ်တန်းစာမေးပွဲ အောင်မြင်ရန်အတွက် စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဆရာ အောင်ချစ်ပို(၃၅)နှစ်ထံ သွားရောက်မေးမြန်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။ဗေဒင်ဟောခန်းသို့ သူငယ်ချင်းဖြစ်သူနှင့် သွားရောက် ဗေဒင်မေးစဉ် အောင်ချစ်ပိုမှပါလာတဲ့ သူငယ်ချင်းအား အပြင်သို့ထွက်ခိုင်းခဲ့တယ်လို့ ပြောပါတယ်။ အဲ့ဒီ နောက်မှာတော့ စာမေးပွဲ အောင်မြင်ရန်နှင့် အချစ်ရေး အောင်မြင်ရန်အတွက် ဗေဒင်ဆရာကိုယ်တိုင် အဆောင်ထည့်ပေးမယ်လို့ ဆိုလာခဲ့ပါတယ်လို့ ပြောပါတယ်။ 

ဆက်လက်ပြီး လူနှစ်ယောက်ဖက်နေသည့် ရွှေရုပ်အဆောင်ယတြာအား သူမရဲ့ရင်သားကြားသို့ ထည့်ကာ ကိုင်တွယ်ခြင်းပြုလုပ်သည့်အပြင် ရင်သားနေရာကို ဆီမန်းလိမ်းရမည် မလိမ်းပါက စာမေးပွဲကျမည်ဟု အယုံသွင်းခြိမ်းခြောက်ခဲ့တယ်လို့ သူမကထွက်ဆိုခဲ့ပါတယ်။၎င်းဟာ သူမရဲ့ ရင်သားအပြင် မိန်းမကိုယ်အား လက်ဖြင့်ကိုင်တွယ် ဆီမန်းလိမ်းပေးကြောင်း ရဲမှတ်များအရ သိရပါတယ်။အဆိုပါထွက်ဆိူချက်များ ဖြင့်စမ်းချောင်းမြို့မရဲစခန်း အမှုဖွင့်အရေးယူခဲ့ရာ ဒီနေ့မှာတော့ ဗေဒင်ဆရာ အောင်ချစ်ပိုအား ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေတယ်တာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - PN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။