ဘေဘီလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသားလေး ကျော်ကျော်ကတော့ ရိုးရိုးရှင်းရှင်းနဲ့ ပျော်ပျော်နေထိုင်တတ်သူတစ်ဦးပါ ။ သူ့ရဲ့ လူမှုကွန်ယက်မှာလည်း

ရယ်စရာဟာသလေးတွေ အများဆုံးတင်တတ်ပါတယ် ။ ခုတစ်ခါမှာတော့ သူ့ လူမှုကွန်ယက်မှာ တင်လိုက်တဲ့ စာ တစ်ခုက ပုံမှန်တင်နေကျနဲ့ ကွဲထွက်နေပြီး

အဲဒီ စာထဲမှာ ပါ၀င်တဲ့ အကြောင်းအရာလေးက လတ်တလောမှာ ပရိတ်သတ်အားပေးမှု အများအပြားရရှိထားတဲ့ ဥပါယ်တံမျဉ်ဇာတ်ကားနဲ့ ပါတ်သတ်ပြီး

သူ့ အမြင်ကို အောက်ပါအတိုင်း ရေးသားခဲ့တာပါ ။ 

ပြောပြရဦးတော့မှာပေါ့ဗျာ.. မအူဝဲက အနမ်းဝိုင် သွားကြည့်ပီး သူ့ဖာသာသူ ကြည့်လို့ကောင်းတဲ့ အချစ်ကားလေးတစ်ကားပါဆိုပီး ပုံမှန်ပဲစာလေးရေးပီး သူ့ပုံလေးတွေတင်ထားတယ်.. အာ့ ဘာဖစ်တုန်း.. ဒါကို ဥပါယ်တံမျှဉ် ကြောင့် မြန်မာပေါကားသရုပ်ဆောင်တွေ ကိုယ့်ပေါကားအချင်းချင်းဝန်းရံကုန်ပီတို့ ဘာတို့ပြောပီး တင်နေ ရေးနေကြတာတွေကတော့ အရမ်း အရမ်းကိုများသွားပီ.

မေးချင်တယ်ဗျာ.. ဘယ်နေရာမှာများ ပေါ နေလို့လဲ 

ခုဟာက ကွကိုယ်တောင် တခြားရုပ်ရှင်တွေနဲ့ပက်သက်ပီးဘားမှမဟရဲပု.. နဲနဲကောင်းတယ်လို့ပြောမိတာနဲ့ မြန်မာကားထဲကသရုပ်ဆောင်တွေ အချင်းချင်း ဥပါယ်တံမျှင်ကြောင့် စည်းလုံးဖို့ လိုနေပီလေးဘာလေးနဲ့.. အဲ့ကားကရော မြန်မာကားမဟုတ်လို့လား.. မြန်မာသရုပ်ဆောင်တွေပဲသရုပ်ဆောင်ထားတာပဲလေ.. သူတို့ကရော လက်ရှိသရုပ်ဆောင်လောကထဲကသူတွေနဲ့ တွဲဖက်ပီး ဇတ်ကားတွေမရိုက်တော့ပုလား.. စဉ်းစားကြပေါ့ဗျာ.. 

နောက်တခုက ဥပါယ်တံမျှဉ် မှသာ တကယ့်စစ်မှန်တာ အနမ်းဝိုင်အပါအဝင် တခြားကားတွေကတော့ ပေါကား သွားကြည့်တဲ့သူတွေကလဲ စောက်ပေါလို့ ပြောနေတဲ့သူတွေကိုပြောပြမယ်ဗျာ.. ဥပါတယ်တံမျှဉ်က ရိုးရိုးတန်းတန်း အိမ်ထောင်ရေးဇတ်ကားတစ်ကားပဲ.. သရုပ်ဆောင်သစ်တွေနဲ့တင်ဆက်ထားလို့ မြင်နေကြမဟုတ်တဲ့ ရသတစ်ခုကို ခံစားရတာပဲရှိတယ်.. ကျန်တာသူတို့လဲပေါတာပဲ.. စဉ်းစားကြည့်လေ လင်ရူပ်မယားရူပ်ပီး ပိုက်ဆံတွေလိမ်သွားတဲ့သူကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စနိုက်ပါသမားလေးယောက်လောက်တောင်လာပီး ဝင်ဖမ်းတဲ့ကိစ္စက အရမ်းကိုရီရလွန်းတယ်.. နိုင်ငံတော်အဆင့်လိမ်လည်မူကြီးလဲမဟုတ်ပု.. ကွကိုယ်စမံတက်တာကို မထိန်းနိုင်လို့ .. ကွကိုယ်တုံးအလို့ အလိမ်ခံရတဲ့ကိစ္စကို စနိုက်ပါတေဘာတွေနဲ့ လာပြီးဖမ်းပြနေတာ အရမ်းကိုပေါလွန်းတယ် .. သိန်းသောင်းချီပီးလိမ်တဲ့ကိစ္စတွေတောင် အဲ့လိုဖမ်းလို့မှမရသေးတာ..သရုပ်ဆောင်တွေရဲ့ အိုက်တင်နဲ့ထွက်တဲ့အသံတွေက ဘယ်လိုမှ လမိုင်းမကပ်တာတွေ.. ထောက်ပြစရာတွေကတော့အများကြီးပေါ့ဗျာ.. အားလုံးပြောနေသလို စင်းလုံးချောပြည့်စုံနေတာမျိုးတော့မဟုတ်ပါပုဗျာ.. သူတို့လဲပေါနေတာပဲ.. ဒါပေမယ့် ကျနော်တို့တွေအားလုံးက ကိုယ်ချစ်တဲ့အနုပညာကို မတူညီတဲ့ရူထောင့်တွေကနေတွေးပီး ရေးပီး ပုံဖော်ပီး တင်ဆက်ကြနေတဲ့သူတွေပါ.. လိုအပ်ချက်တွေ ထင်မြင်ယူဆချက်ကွဲလွဲမူတွေက အမြဲရှိနေဦးမှာပဲ.. ဘာလို့လဲဆိုတော့ အဆုံးမသတ်နိုင်တဲ့ အနုပညာဖြစ်နေလို့ပါ .. ဒါကို တစ်ဖက်စောင်းနင်းတဲ့အမြင်တွေနဲ့တော့လာပြီး မပြောကြပါနဲ့လို့ ပြောချင်တာပါ.. ကျေးဇူးတင်ပါတယ် " လို့ သူက သူ့ အမြင်ကို ထုတ်ဖော်ပြောကြားလိုက်တာပါ ။

ဒီ ထင်မြင်ချက်နဲ့ ပါတ်သတ်ပြီး ဥပါယ်တံမျဉ်ကို အားပေးတဲ့ ပရိတ်သတ်အများရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ် ။ ပရိတ်သတ်တို့ရော ဘယ်လိုမြင်လဲ ?

သတင်းအရင်းမြစ် Kyaw Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။