ချင်းရိုင်အသင်းရဲ့မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးကျော်ကိုကို

ဟာရာသီသစ်အတွက်တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပါပြီ။ကြိုတင်

မျှော်လင့်ထားခဲ့ကြသလိုပဲကျော်ကိုကိုရဲ့ချင်းရိုင်ကစားသမား

ဘဝခရီးကြမ်းဟာခက်ခဲကြမ်းတမ်းမှုတွေနဲ့အစပျိုးခဲ့ပါတယ်။

ခြေစွမ်းမြင့်တိုက်စစ်မှုးတွေဖြစ်တဲ့ဆယ်တန်ဆေးဗား၊မက်ဆီနာ

တို့လိုတိုက်စစ်မှူးတွေနဲ့ကျော်ကိုကိုဝင်တိုးဖို့ဆိုတာအတန်ငယ်

အခက်အခဲရှိနေခဲ့ပါတယ်။ချင်းရိုင်အသင်းရဲ့ရာသီကြိုခြေစမ်း

ပွဲတွေမှာသာပါဝင်ကစားခဲ့ပြီးအာရှချန်ပီယံလိဂ်ခြေစစ်ပွဲနဲ့

ဘူရီယမ်နဲ့ချာရတီဖလားဗိုလ်လုပွဲတွေမှာကျော်ကိုကိုဝင်ရောက်ဆော့ကစားခွင့်မရခဲ့ပါဘူး။

အာရှချန်ပီယံလိဂ်လူစာရင်းမှာမပါဝင်တဲ့အတွက်ကျော်ကိုကိုဟာမိသားစုရှိရာရန်ကုန်ကိုပြန်လာခဲ့ပြီးမပြီးပြတ်သေးတဲ့

ဗီဇာကိစ္စတွေကိုဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။မနေ့က

ထိုင်းနိုင်ငံကိုပြန်ရောက်လာတဲ့သူဟာအခုအချိန်မှာတော့

ရာသီသစ်အတွက်တိုက်ပွဲဝင်ဖို် ့အသင့်ဖြစ်နေပါပြီ။ကျော်ကိုကို

ရဲ့နေရာလုဘက်မက်ဆီနာကကျိုးသွားတာကြောင့်ကျော်ကိုကိုဟာအတွက်နေရာရဖို့အရင်ကလောက်မခက်ခဲတော့ပါဘူး။

ထိုင်းလက်ရွေးစင်တိုက်စစ်မှူးမွန်ဂိုးသွန်ဆန်ကရိုင်းဟာလည်း

တယ်ရိုကိုပြောင်းရွှေ ့သွားလို်ကျော်ကိုကိုအတွက်နေရာလုဘက်တွေပိုလျော့သွားတယ်လို့ဆိုရပါမယ်။

ဖေဖော်ဝါရီဆယ်ရက်နေ့မှာချင်ရိုင်းဟာထိုင်းလိဂ်အင်အား

ကြီးတစ်သင်းဖြစ်တဲ့ချောင်ဘူရီနဲ့ကစားရမှာပါ။ချောင်ဘူရီ

နဲ့ပွဲမှာသာပွဲထွက်ခွင့်ရခဲ့ရင်ကျော်ကိုကိုအတွက်ဝမ်း

မြောက်စရာပါ။ဒီပွဲဟာသူ့အတွက်အသင်းနဲ့အတူပွဲထွက်တဲ့

ပထမဆုံးတရားဝင်ပွဲတစ်ပွဲဖြစ်လာမှာပါ။ဒါပေမယ့်

အသင်းတာဝန်ရှိသူတွေကတော့ကျော်ကိုကိုအနေနဲ့

ကြံခိုင်မှူမပြာ့်သေးဘူးလို့ထင်နေကြတယ်လို့သတင်း

တွေအရသိရပါတယ်။ကျော်ကြီးရေမင်းကံကောင်းပါစေ။

Source -KKK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။