ရခိုင်ယူနိုက်တက်အသင်းရဲ့အသင်းပရိသတ်တွေရဲ့အချစ်တော်ကစားသမားအာကာကာပိုဟာတိုဂိုလက်ရွေးစင်အဖြစ်မကြာခင်ကစားခွင့်ရရှိတော့မှာပါ။အာကာလို့ပရိသတ်တွေက

ချစ်စနိုးခေါ်ကြတဲ့သူဟာတိုဂိုယူ-21လက်ရွေးစင်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။မနှစ်ကရခိုင်အသင်းနဲ့အတူတောက်ပတဲ့

ခြေစွမ်းတွေပြနိုင်ခဲ့တဲ့သူဟာဒီနှစ်မှာလည်းရခိုင်အသင်းနဲ့အတူ

ခြေစွမ်းပြနေသူဖြစ်ပါတယ်။အာကာကိုတိုဂိုနည်းပြကလူဒီလီရွိုင်းကမကြာသေးခင်ကကလူဒီလီရွိုင်းကမကြာသေးခင်က

လက်ရွေးစင်အသင်းမှာကစားပေးဖို့ဆက်သွယ်လာခဲ့တယ်လို့

သိရပါတယ်။

တိုဂိုအသင်းမှာလက်ရှိအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူ

နေသူကမြန်မာတို့နဲ့ရင်းနှီးပြီးသားအာဆင်နယ်ကစားသမား

ဟောင်းအဒီဘာယောဖြစ်ပါတယ်။အဒီဘာယောဟာအာဆင်နယ်၊မန်စီးတီး၊စပါး၊ရီရဲစတဲ့

အသင်းတွေမှာကစားခဲ့တဲ့တိုဂိုအသင်းရဲ့ဂန္တဝင်တစ်ယောက်

လည်းဖြစ်ပါတယ်။အာကာအနေနဲ့အဒီဘာယောနဲ့တွဲကစား

ရမှာမို့စိတ်လှုပ်ရှားနေမိတယိလို့သူကပြောပါတယ်။ရခိုင်အသင်းအနေနဲ့လည်းအာကာကိုတိုဂိုအသင်းဆီ

ပြန်လွတ်ပေးသွားမယ်လို့သိရပါတယ်။

"ကျွန်တော်က တိုဂို ယူ-၂၁ အသင်းအတွက် ကစားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက နည်းပြချုပ်က ကျွန်တော့်ဆီဆက်သွယ်ပြီး

တိုဂို စီနီယာအသင်းအတွက် ကစားပေးနိုင်မလားလို့ မေးပါတယ်။ တိုဂိုလက်ရွေးစင်အသင်းရဲ့ ကွင်းလယ်မှာ ပြဿနာပေါ်နေတယ်လို့

သူကပြောတယ်။ ကျွန်တော်ဒီကိစ္စကို မိသားစုနဲ့ ပြန်တိုင်ပင်မယ်။ ရခိုင်အသင်းကိုလည်း နှုတ်နဲ့ ကြိုတင်အကြောင်း ကြားထားပါတယ်။

ကျွန်တော့်နိုင်ငံက ကျွန်တော့်ကိုတကယ်လိုအပ်နေရင်တော့ လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးမှာပါ"လို့ အာကာကာပိုကသူ့ဆန္ဒကိုခုလိုပြောပြပါတယ်။

Source -RUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။