အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ သီချင်းဆိုလည်းကောင်းသလို ငယ်ရွယ်နုနယ်ပြီး ချစ်ဖို့လဲ အလွန်ကောင်းတာကြောင့် ပရိတ်သတ်တွေ အားပေးမှု အများဆုံးခံရတဲ့ ဆယ်ကျော်သက်အနုပညာရှင်လေးဖြစ်နေတာပါ ။ ဘယ်လောက်ထိတောင် အားပေးကြသလဲဆိုရင် ဦးဂရေဟမ် ကိုတောင် ယောက္ခမကြီးလို့ အမည်တွင်တဲ့ထိပါပဲ ။ ပရိတ်သတ်တွေရဲ့ အသည်းကျော် ဆယ်ကျော်သက်မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ယွန်းဝတီလွင်မိုး အိမ်ထောင်ပြုသွားပြီးတဲ့နောက်မှာတော့ သူမလေးရဲ့ အချစ်ရေးကိုလည်း လူတွေ စိတ်ဝင်စားလာကြပါတယ် ။ 

သူမလေးကတော့ အင်တာဗျူးတွေမှာ ချစ်သူတစ်ခါမှမထားဖူးဘူးလို့ ဆိုခဲ့ဖူးသူလေးပါ ။ ခု လတ်တလောမှာ သူမရဲ့ လူမှုကွန်ယက်က ပုံလေးတစ်ပုံကြောင့် ပရိတ်သတ်တွေကြားလှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ် ။ အကြောင်းကတော့ ချစ်သူစုံတွဲတွေ ရိုက်လေ့ရှိတဲ့ Follow me ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့ လက်ကိုဆွဲပြီး ရိုက်ထားတဲ့ ပုံလေးကို သူမရဲ့ လူမှုကွန်ယက်မှာတင်လိုက်လို့ပါပဲ ။ 

အဲဒီပုံလေးကို မြင်လိုက်တဲ့ ပုရိသပရိတ်သတ်တွေကတော့ ပန်းရောင်ခြယ်လေးလက်ကိုဆွဲထားတာ ဘယ်သူမှန်းမသိပေမယ့် ကြေကွဲရတော့မှာလားလို့ ၀ုိင်းပြီးထင်မြင်ချက်တွေ ပေးနေကြပါတယ် ။ ဒီပုံလေးဟာ တင်လိုက်ချိန် ခဏလေးအတွင်းမှာပဲ လူစိတ်ဝင်စားမှု များပြားသွားပြီး Share ကြတဲ့ လူအရေအတွက်ကလည်း ထောင် ဂဏန်းလောက်ရှိနေပြီပဲဖြစ်ပါတယ် ။ ခုချိန်မှာတော့ ဒီပုံလေးနဲ့ ပါတ်သတ်လို့ အခြား ဘာမှဖြေရှင်းချက်မထွက်လာသေးပေမယ့် မကြာခင်မှာပဲ တစ်ခုခုဖြေရှင်းပေးလိမ့်မယ်လို့ မှန်းဆရပါတယ် ။ ကြော်ငြာပဲ ဖြစ်ပါစေလို့ ဆုတောင်းနေပြီ မဟုတ်လား ပုရိသပရိတ်သတ်တို့ရေ ... 

သတင်းအရင်းမြစ် Pan Yaung Chel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။