လက်ရှိ ဖီနာဘာချီအသင်းတွင် ကစားနေသော နယ်သာလန် တိုက်စစ်မှုး ရော်ဘင်ဗန်ပါစီသည် ဖီနာဘာချီအသင်းမှ ထွက်ခွာရန် ပြင်ဆင် နေကြောင်း သိရသည်။

အဆိုပါ အသက်(၃၃)နှစ်အရွယ် အာဆင်နယ်နှင့် မန်ယူကစားသမားဟောင်း ဗန်ပါစီက - "နယ်သာလန်ပြန်ဖို့အတွက် ကျွန်တော် အလေးအနက်ထား စဉ်းစားနေပါပြီ၊ ဖီယင်နုကို ပြန်ဖြစ်မလား၊ အိပ်ဇဲစီယာအသင်းကို ပြန်ဖြစ်မှာလားတော့ မဆုံးဖြတ်ရသေးဘူး" ဟု ပြောကြား သွားခဲ့သည်။

ဗန်ပါစီသည် ကစားသမား ဘဝကို ဖီယင်နုအသင်းဖြင့် စတင်ခဲ့သူဖြစ်ပြီး၊ လူငယ် ကစားသမားဘဝအနေဖြင့် အိပ်ဇဲစီယာအသင်း၌ လေ့ကျင့်ခဲ့သူ တစ်ဦးဖြစ်သည်။

#AZL

Credit - Football Cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။