ခေတ်ကာလကြီးကတစ်နေ့ထက်တစ်နေ့ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ ဇာတ်သဘင်၊အငြိမ့်ပြဇာတ်တွေ ဟာလည်း ဟိုးအရင်ခေတ်ကထက်စာရင်အရမ်းကို နဲပါးလာခဲ့ပါပြီ။ ဇာတ်သဘင်၊အငြိမ့်ကပြဖျော်ဖြေမှုတွေ နဲပါးလာတာကြောင့် ဘဘင်လောကသားတွေ ဖြစ်တဲ့လူရွှင်တော်ကြီး တွေဟာလည်း ငွေရေးကြေးရေးအခက် အခဲပြသနာတွေများစွာ ရှိလာကြပါတယ်။တစ်ခေတ်တစ်ခါက ဟာသလူရွှင်တော်လောကမှာ နာမည်ကြီး လူကြိုက်များခဲ့တဲ့ လူရွှင်တော်ကြီးဦးစိန်ရိုးကလည်း လက်ရှိမှာ ကင်ဆာရောဂါဝေဒနာခံစားနေရပြီး ငွေရေး ကြေးရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

လူရွှင်တော်ကြီးဦးစိန်ရိုးဟာ လက်ရှိမှာတော့ သွေးအန်လို့ဆေးရုံမှာစစ်ဆေးကြည့်တဲ့အခါ အစာအိမ်နဲ့အူလမ်း ကြောင်းမှာကင်ဆာဆဲလ်တွေ ရှိနေတယ်လို့သိရပါတယ်။နောက်ထပ်လည်း ဒီရောဂါနဲ့ပတ်သက်ပြီး မှန်ပြောင်းအကြီးစားကြည့်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး အကြည့်မခံနိုင်တော့လို့ အိမ်ကိုပြန်ခေါ်လာခဲ့ရပြီး စိတ်ချမ်းသာ အောင်ထားနေရတယ်လို့ ဦးစိန်ရိုးရဲ့သမက်ဖြစ်သူကပြောပြပါတယ်။အသက်ကလည်း ကြီးပြီးဆိုတော့ သတိက လည်းတစ်ချက်တစ်ချက်လွတ်လာပြီးလို့ စိတ်မကောင်းဖွယ်ကြားသိရပါတယ်။ 

ဦးစိန်ရိုးကတော့ လက်ရှိအချိန်ဟာ နေရေးထက်သေရေးကပိုအရေးပါနေတော့ ဘုရားရှစ်ခိုး၊ပုတီးစိပ်စတဲ့ ကောင်းမှု ကုသိုလ်တွေပဲလုပ်ချင်တယ်လို့ အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။ယခုတော့ အိပ်ယာထဲမလဲ သေးပေမယ့် အသံတွေလည်းအရင်လိုမမာတော့ဘူး၊ရုပ်လည်းအရမ်းပြောင်းသွားပြီ အသက်လည်းကြီးပြီ ဆိုတော့ ငြီးရှာတယ်လို့ဦးစိန်ရိုးရဲ့ ဇနီးဖြစ်သူကပြောပါတယ်။ငွေရေးကြေးရေးအခက်တွေနဲ့ ကင်ဆာရောဂါ ဝေဒနာကိုခံစားနေရတဲ့ ဦးစိန်ရိုးဟာ ချစ်ပရိသတ်တွေကို အရင်လိုဟာသတွေ ရယ်မောအောင် တင်ဆက်နိုင် စွမ်း မရှိတော့ပေမယ့် ချစ်ပရိသတ်တွေရဲ့ရင်ထဲမှာတော့ အမြဲအမှတ်ရနေအုန်းမယ့် လူရွှင်တော်ကြီး တစ်ယောက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 

သတင်းအရင်းအမြစ် - 5Plus 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။