ဒီဇင်ဘာလ(၈)ရက်နေ့၊မနေ့ကနေလည်ပိုင်းအချိန်ထိုုင်းနိုုင်ငံ၊ဘန်ကောက်မြို့၊မင်ဘူရီလမ်အင်တရာ ၈၂ လမ်းတွင် ကလေးငယ်တစ်ဦး(၂)နှစ်ထပ်တိုက်ပေါ်မှ ပြုတ်ကျမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လိုသိရပါတယ်။ အဆိုပါ ကလေးငယ်ဟာ နှစ်ထပ်အမြင့်ရှိတဲ့ နေအိမ်တိုက်ခန်းဝရံတာမှ အောက်ကိုမတော်တဆပြုတ်ကျခဲ့တာ ပဲဖြစ်ပါတယ်။အောက်သို့ပြုတ်ကျချိန်မှာတော့ အောက်မှာရှိတဲ့နေအိမ်ခြံစည်းရိုး သံပန်းတံခါးမှသံချွန်များ ကလေးရဲ့ နောက်ကျောကိုု စိုုက်ဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ 

အိမ်ခြံစည်းရိုးရှိ သံပန်းတံခါးမှသံချွန်များဟာ ကလေးရဲ့ ကျောကုန်းအတွင်းသို့လေးလက်မခန့် စိုက်ဝင်သွားခဲ့ တာပဲဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်ကိုတော့ ထိုုင်းနိုုင်ငံ၊ဘန်ကောက်မြို့မှ ကယ်ဆယ်ရေးဝန်ထမ်းများသွားရောက် ခဲ့ပြီး သံဆူးချွန်များကို ဖြတ်ထုတ်ကာ ခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မင်ဘူရီ ဆေးရုံုကြီးမှာ ဆေးကုုသမှုခံယူနေပြီး ကလေးရဲ့ အသက်အန္တရာယ်ကိုတော့ မစိုုးရိမ်ရတော့ဘူးလို့ ထိုင်းရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ 

ကလေးရဲ့မိဘတွေကိုလည်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ် လို့သိရပါတယ်။မိဘတွေရဲ့ ပေါ့ဆမှုကြောင့် အခုလိုကလေးငယ် ဟာသေမကံမရောက် အသက်မပျောက် ခဲ့ပေမယ့် ရဲတပ်ဖွဲ့ကတော့ တည်ဆဲဥပဒေများအရ ဒဏ်ရိုက်အရေးယူဆောင်ရွှက် သွားမယ်လို့ သိရပါတယ်။ကလေးငယ်လေးတွေရှိတဲ့ မိဘတွေအနေနဲ့လည်း ကိုယ့်ရင်သွေး လေးတွေကို အစအစအရာရာဂရိုစိုက်ကြပါနော်။။  

သတင်းအရင်းအမြစ် - EMS Rescue(Bangkok) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။