မြန်မာနိုင်ငံမှာလက်ခံကျင်းပတဲ့ Miss & Mister Tourism and Cultural Universe 2018 ပြိုင်ပွဲကြီးကို Miss & Mister Tourism and Cultural Universe Company Limited က စီစဉ်ဆောင်ရွက်ပြီး ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ဆိုက်ဘေး ရီးယား၊ ရုရှား၊ ပြင်သစ်၊ ကင်ညာ၊ ကွန်ဂို၊ ဖိလစ်ပိုင်၊ ဇမ်ဘီးယား၊ ကိုရီးယား၊ အီဂျစ်၊ မြန်မာနိုင်ငံများမှ ပြိုင်ပွဲဝင်များပါ၀င် ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ 

ယှဉ်ပြိုင်သူ Mister တွေက မြန်မာရိုးရာဝတ်စုံတွေကို ရှေးခေတ်ဟန်ပန်အတိုင်း ၀တ်လိုက်တဲ့အခါ တစ်မျိုးအမြင်ဆန်းပြီး ကြည့်လို့ကောင်းနေရောပဲ ။ ဒီပုံလေးတွေကလည်း ပရိတ်သတ်တွေ သဘောကျစေမယ့် ပုံလေးတွေ ဖြစ်လာခဲ့ပါတယ် ။

ပုံတွေထဲမှာတော့ အနောက်တိုင်းရဲ့ ခန့်ညားမှုနဲ့ မြန်မာရိုးရာဝတ်စုံတွေရဲ့ တည်ငြိမ်မှုတို့ပေါင်းစပ်ထားတာကို တွေ့မြင်ရမှာပါ ။ 

ဘယ်သူကအလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာ ရွေးရခက်လောက်အောင် အကုန်လုံး မြန်မာဝတ်စုံနဲ့ လိုက်ဖက်ကြပါတယ် ။ မြန်မာနိုင်ငံမှာလက်ခံကျင်းပတဲ့ Miss & Mister Tourism and Cultural Universe 2018 ပြိုင်ပွဲကြီးကိုတော့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ရန်ကုန် ၊ မန္တလေး ၊ ပုဂံ (ညောင်ဦး) ၊ အင်းလေး ( ညောင်ရွှေ ) နဲ့ ငွေဆောင်တို့မှာ ပြိုင်ပွဲများကျင်းပခဲ့တယ်လို့လည်းသိရှိရပါတယ် ။

သတင်းအရင်းမြစ် Htet Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။