ထိုင်းဖူဆယ်အသင်းဟာအရှေ့တောင်အာရှဒေသမှာပြိုင်ဘက်ကင်းတဲ့ဖူဆယ်အသင်းပါ။ထိုင်းလက်ရွေးစင်ဖူဆယ်အသင်းဟာကမ္ဘာ့ ့အဆင့်ရပ်တည်မှုမှာထိပ်သီးအဆင့်ရှိနေပြီထိုင်းဖူဆယ်ကလပ်

တွေဟာလည်းအာရှဖူဆယ်ပြိုင်ပွဲတွေမှာချန်ပီယံဖြစ်တဲ့အထိစွမ်းဆောင်ထားနိုင်သူတွေပါ။ထိုင်ဝမ်မှာကျင်းပနေတဲ့အာရှဖူဆယ်ချန်ပီယံရှစ်မှာချန်ပီယံဖြစ်ဖို့အထိရည်မှန်းထားပြီးစပိန်အထိသွားရောက်လေ့ကျင့်ခဲ့ပေမယ့်လက်ရှိချန်ပီယံအီရန်နဲ့စောစောစီးစီးတွေ့သွားတာကြောင့်

အောင်ဖျာလိပ်ခဲ့ရပါတယ်။အီရန်ဟာထိုင်းကိုတကယ့်ကိုသက်တောင့်သက်သာနဲ့အနိုင်

ကစားသွားခဲ့တာပါ။

ပွဲအစငါးမိနစ်အတွင်းထိုင်းကိုငါးဂိုးသွင်းခဲ့တဲ့အီရန်ဟာ

သူတို့သာအာရှချန်ပီယံဖြစ်ကြောင်းပြသ သွားခဲ့ပါတယ်။

အီရန်ဟာအာရှနံပတ်တစ်ဖူဆယ်အသင်းဖြစ်ပြီးကမ္ဘာ့ဖလား

ဖူဆယ်ပြိုင်ပွဲမှာဘရာဇီးကိုတောင်အနိုင်ကစားထားတဲ့

အခြေအနေမျိုးပါ။ထိုင်းအနေနဲ့အီရန်လိုအသင်းနဲ့ယှဉ်ကစား

ဖို့အတွက်တော့အများကြီးလိုပါသေးတယ်။အီရန်ဟာထိုင်းကို

စက်သေနတ်ပစ်သလိုဂိုးတွေဆက်တိုက်သွင်းယူခဲ့ပြီးပွဲအပြီးမှာ

ကိုးဂိုးသွင်းယူခဲ့ပါတယ်။ထိုင်အသင်းကတော့နှစ်သိမ့်ချေပဂိုး

တစ်ဂိုးသာပြန်သွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာလည်းအီရန်နဲ့တစ်အုပ်စုတည်းကျပြီး

ဆယ့်လေးဂိုးအသွင်းခံခဲ့ရပါတယ်။အရှေ့တောင်အာရှ

အသင်းတွေအတွက်တော့အာရှအဆင့်ကိုမှီဖို့အများကြီး

လိုအပ်နေသေးတယ်ဆိုတာဒီရှုံးပွဲတွေကသက်သေပါပဲ။

ထိုင်းဖူဆယ်အသင်းအနေနဲ့ဒီရှံုးပွဲကနေသင်ခန်းစာ

ယူုပြီး2020မှာအကောင်းဆုံးပြန်လာမယ်လို့ကြံုးဝါးခဲ့

ပါတယ်။မြန်မာအသင်းကရော.ဘယ်လိုအနေအထားတွေနဲ့

ပြန်လာမလဲ..

Source -AFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။