ရှမ်းနဲ့ရန်ကုန်နိုင်ပွဲရပါ့မလား


နေရှင်နယ်လိဂ်ငါးပတ်မြောက်ပွဲစဉ်တွေဟာမနက်ဖြန်စနေ

နေ့မှစတင်ကျင်းမှာဖြစ်ပေမယ့်ရှမ်းနဲ့ရန်ကုန်ကတော့ဒီနေ့ညနေသုံးနာရီခွဲမှာကစားရမှာပါ။ရှမ်းနဲ့ရန်ကုန်ဟာဒီပွဲအပြီးမှာAFC

Cupကစားရမှာဖြစ်လို့သူတို့နှစ်သင်းကိုရက်ကြိုပြီးကစားစေခဲ့

တာပါ။ရှမ်းအသင်းဟာAFC Cupမှာစင်ကာပူကလပ်

ဟုမ်းယူနိုက်တက်နဲ့အိမ်ကွင်းမှာကစားရမှာဖြစ်ပြီးရန်ကုန်ကတော့အင်ဒိုကလပ်ဘာလီယူနိုက်တက်နဲ့အဝေးကွင်းသွားကစား

ရမှာပါ။MNLပွဲစဉ်ငါးအပြီးလေးရက်အကြာမှာAFC Cup

ကန်ရမှာဖြစ်လို့နှစ်သင်းစလုံးကစားသမားတွေကိုချိုထားဖို့

လိုပါတယ်။


ဒါပေမယ့်ပြီးခဲ့တဲ့အပတ်ကနှစ်သင်းစလုံးနိုင်ပွဲပျောက်ခဲ့ရပါတယ်။ဒီတစ်ပတ်တွေ့ဆုံမှုမှာတော့ရန်ကုန်ကရခိုင်အသင်းနဲ့

တွေ့ဆုံနေပြီးရှမ်းကတော့တန်းတက်စစ်ကိုင်းယူနိုက်တက်

နဲ့တွေ့ဆုံနေပါတယ်။ရခိုင်ရောရှမ်းပါပြီးခဲ့တဲ့အပတ်ကနိုင်ပွဲစရထားတဲ့အသင်းတွေမို့စိတ်ဓာတ်တက်ပြွနေကြပါတယ်။ရခိုင်အသင်းဟာသုံးပွဲဆက်

နိုင်ပွဲပျောက်ထားခဲ့ပေမယ့်ပြီးခဲ့တဲ့အပတ်မှာတော့ဇွဲကပင်ကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။စစ်ကိုင်းအသင်းဟာလည်း

အိမ်ကွင်းမုံရွာမှာGFAကိုပထမဆုံးနိုင်ပွဲအဖြစ်အနိုင်ယူထား

ပါတယ်။

လက်ရှိအနေအထားအရရခိုင်ရော၊စစ်ကိုင်းပါရှမ်းနဲ့ရန်ကုန်

ကိုမယှဉ်နိုင်ဘူးဆိုပေမယ့်ပေါ့လို့တော့မရပါဘူး။အသင်းကြီး

နှစ်သင်းပွဲကျပ်နေမှုကိုအခွင့်ကောင်းယူကာအမှတ်တွေ

ခွဲယူဖို့ကြိုးစားလာနိုင်လို့ပါပဲ။အရံအင်အားတောင့်တင်း

မှုဟာဒီလိုပွဲတွေမှာစကားပြောသွားမှာပါ။ရန်ကုန်ရောရှမ်း

ရောဒီညနေပွဲမှာရလဒ်ကောင်းတွေရယူထားနိုင်မှသာ

မကွေးနဲ့ပွဲကျပ်ကစားရမယ့်ထိပ်ဆုံးကရတနာပုံကို

ဖိအားပေးနိုင်မှာပါ။

Source -MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။