မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ကိုပါဒရေးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ ဗလင်စီယာအသင်းကို ၂ ဂိုး ၀ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ပထမအကျော့မှာ ဗလင်စီယာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ဂိုးမရှိနဲ့ ဗိုလ်လုပွဲကို တတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ဗိုလ်လုပွဲမှာ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

ဗလင်စီယာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဗီရက်တို၊ ရိုဒရီဂို၊ ဇာဇာ၊ ကိုကွီလင်၊ ပါရီဂျို ၊ ကွန်ဒေါ့ဘီယာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆွာရက်၊ မက်ဆီ၊ အင်နေယေစတာ၊ ဘက်စ်ကွက်၊ ရာကီတစ်၊ ဂိုမက် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲမှာ ဒုတိယပိုင်းမှ လူစားလဲဝင်ရောက်ကစားခဲ့တဲ့ ကော်တင်ဟို ဟာ ဘာစီလိုနာအသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးတဲ့ အချိန်ထိ နှစ်သင်းလုံးဟာ ဂိုးမရှိသရေနဲ့ သာပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။၄၉ မိနစ်မှာတော့ ကော်တင်ဟို က ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၈၂ မိနစ်မှာတော့ ရာကီတစ်က အနိုင်သေချာစေမဲ့ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။