ပြီးခဲတဲ့ရက်ပိုင်းအတွင်းက တစ်ကမ္ဘာလုံးကို ခြောက်ခြားစေခဲ့တဲ့ လေယာဉ်ပျက်ကျမှုမှာ Final ပွဲကန်ဖို့ သွားရောက်ခဲ့တဲ့ ဘောလုံးအသင်းတစ်သင်းလုံး သေဆုံးခဲ့တာကို မှတ်မိကြမှာပါ။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသင်းသားတစ်ယောက်ကတော့ လက်ရှိဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

နောက်တန်းအလယ်လူနေရာကနေ ကစားရတဲ့ Helio Netoဟာ ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး ဇနီးဖြစ်သူကလဲ ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ အဆိုပါ သမ္မာကျမ်းစာအုပ်ကို ဂျာနယ်လစ်တစ်ဦးဖြစ်သူ Roberto Cabriniက လေယာဉ်ပျက်ကျတဲ့ အပျက်အစီးတွေကြားထဲမှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ အဆိုပါစာအုပ်ကို သူဟာ လှန်လှောဖတ်ရှုတဲ့အခါ အင်မတန်တုန်လှုပ်သွားခဲ့ပြီး ဗီဒီယိုထဲမှာတော့ သူ့ရဲ့အသံတွေ တုန်ယင်နေတာကိုတွေ့ရမှာပါ။

ဂျာနယ်လစ် Roberto Cabrini ဟာ စာအုပ်ပိုင်ရှင် ဘောလုံးသမားရဲ့ နာမည်ကိုဖတ်ပြခဲ့ပြီး အံသြတုန်လှုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သမ္မာကျမ်းစာအုပ်ကို ဇနီးဖြစ်သူ Simone ကို ပေးအပ်ခဲ့ပြီး ဇနီးဖြစ်သူကနေ အံသြဝမ်းသာခဲ့တာကိုတွေ့ရမှာပါ။ ဇနီးဖြစ်သူရဲ့ ပြောကြားချက်အရ Neto ကော သူမပါ ဘာသာရေးကိုင်းရှိုင်းပြီး Netoဟာ သူဘယ်ခရီးကိုထွက်ထွက် အဆိုပါ သမ္မာကျမ်းစာအုပ်ကို ကိုယ်နဲ့မကွာယူဆောင်သွားတယ်လို် ဆိုပါတယ်။ လက်ရှိမှာ Netoဟာ ဒဏ်ရာအမြောက်အမြားနဲ့ ဆေးကုသမှုခံယူနေရပြီး အမြန်ပြန်သက်သာလာဖို့ မျှော်လင့်တယ်လို့ သူ့မိသားစုကနေ ပြောကြားခဲ့ပါတယ်။

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။