နာမည်ကျော်အဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း နဲ့ သူမရဲ့ချစ်သူ အဆိုတော် အောင်လတို့ နှစ်ယောက်ဟာ ပုဂံကိုအလည်အပတ်ရောက်ရှိလို့နေကြပါတယ်။ နှစ်ယောက်လုံး မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိ ရှိ လှပနေတဲ့ ပုံရိပ်လေးတွေက တကယ်ကိုကြည်နူးစရာပါပဲ။ အချစ်စစ်တွေနဲ့ သူတို့နှစ်ယောက်ရဲ့ဘဝဟာ တကယ်ကိုကြည်နူးပျော်ရွှင်စရာကောင်းလွန်း နေပါတယ် ပရိတ်သတ်ကြီးရေ။  

သူမတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုစတင်အသိပေးတုန်းကဆိုရင်ဖြင့် ပရိတ်သတ်တွေများစွာရဲ့ ဝေဖန်မှုကိုခံခဲ့ရပါတယ်။ သူမတို့နှစ်ယောက်ရဲ့ ခိုင်မြဲတဲ့အချစ်စစ်ကြောင့် ပတ်ဝန်းကျင်၊ ပရိတ်သတ်တွေများစွာ ဝေဖန်မှုကိုကြံကြံခံပြီး သူတို့ပျော်ရွှင်မှုကိုအရယူထားနိုင်တဲ့ စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ show ပွဲတွေ၊ Radio အသံလွှင့်အစီစဉ်မှာ ပါဝင်သီဆိုခဲ့ကြပါတယ်။ 

အချစ်စစ်တို့လျေျာက်တဲ့လမ်းဟာ ဖြောင့်ဖြူးတယ်ဆိုတာရှားပါးလွန်းပါတယ်။ အေးတူပူမျျ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ဝိုင်းစုနဲ့ အောင်လတို့အချစ်ရေးဟာ ဘယ်လိုအခက်ခဲတွေရှိခဲ့ပါစေ နှစ်ယောက်အတူကျော်ဖြတ်ပြီး အခုချိန်မှာတော့ သာယာမှုရှိလှပါတယ်။ မြန်မာဝတ်စုံ ခရမ်းရောင်ဝမ်းဆက်ကို အရိုးရှင်းဆုံးနဲ့အလှပဆုံးပုံစံအဖြစ်ချုပ်လုပ်ထားပြီး ခင်ပွန်းဖြစ်သူနဲ့အတူ ရှေ့သွား နောက်လိုက်ညီနေတဲ့ ဝိုင်းစုတို့ချ်သူနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိတ် သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Wine Su Khine Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။