လက်တလောရုံတင်ပြသနေဆဲဖြစ်တဲ့ အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံပြည့်ကျိတ်ကျိတ်တိုးအားပေးသူတွေနဲ့ လူကြိုက်များလျက်ရှိပါတယ်။

လူငယ်ဒါရိုက်တာ အောင်မြတ်ပုံဖော်ရိုက်ကူးထားတဲ့ အနမ်းဝိုင် ဇာတ်ကားကြီးမှာတော့ နိုင်ငံကျော်သရုပ်ဆောင် အောင်ရဲလင်း နဲ့ဝတ်မှုန်ရွှေရည်တို့ က အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။

ဒီလောက်ကောင်းတဲ့ အနမ်းဝိုင် ဇာတ်ကားကို မရိုက်ကူးခင်မှာ ဒီကားမှာပါ၀င်တဲ့ ရုပ်ရှင်အဖွဲ့သားတွေကြိုးစားထားရတဲ့ နောက်ကွယ်က လူတိုင်းမသိသေးတဲ့ အရာတွေရှိနေပါတယ်။

(၁) လိုအပ်ချက်တွေနည်းနိုင်သမျှနည်းနိုင်ရန်အတွက် တစ်Scene ချင်း တစ်Cut ချင်းစီကို ရုပ်ရှင်တစ်ကားလုံးစာ StoryBoard ကိုလည်း ကြိုတင်ရေးဆွဲပြင်ဆင်ခဲ့ပါတယ်။တကယ်ရိုက်ကူးတဲ့အခါမှာလည်း ယင်း StoryBoardထဲကအတိုင်းပဲ အသေးစိတ်ရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။

(၂)သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ အဝတ်အစား၊ဆံပင်နဲ့ မိတ်ကပ်တွေကို ဇာတ်ဝင်ခန်းတစ်ခန်းချင်းစီအလိုက်ဖြစ်သင့်တဲ့အပြင်အဆင်၊လိုက်ဖက်ညီမယ့်အရောင်တွေအတိုင်း Mood Board နဲ့အတူ Fashion Art Director က Scene တိုင်းအတွက် ကြိုတင်ထုတ်ပေးထားခဲ့တာဖြစ်ပါတယ်။

(၃)လရိပ်အေး(ကစ်) ဆီ ရောက်လာတဲ့မီးပုံပျံလေးကို ကွန်ပြုတာအထူးပြုလုပ်ချက်နဲ့ဖန်တီးထားတာပါ။အဲ့ဒီ မီးပုံပျံလေးရဲ့ Lighting အမှန်ရဖို့အတွက် ကြိုးနဲ့ဆွဲထားတဲ့ မီးလုံးတစ်လုံးကို အစားထိုးအသုံးပြုခဲ့ပြီးသုံးထပ်တိုက်ဝရံတာ အပြင်ဘက်ကို ကရိန်းအဖျားထုတ်ပြီးတော့ ဒါရိုက်တာနဲ့ DOP တို့ကိုယ်တိုင်ခက်ခက်ခဲခဲရိုက်ခဲ့ရပါတယ်။

(၄)မီးပုံပျံပေါက်ကွဲစဉ် လွင့်စင်လာတဲ့ယမ်းတွေအတွက် တောင်ကြီးမြို့မှ မီးဆရာတွေနဲ့တိုင်ပင်ပြီး လူကိုအန္တရာယ်နည်းစေမယ့် ယမ်းပျော့တွေနဲ့ စီစဉ်ပြုလုပ်ခဲ့ရပါတယ်။

(၅) လိုချင်တဲ့ရာသီဥတု ၊ ရိုက်ကွင်းရိုက်ကွက်နဲ့ ခံစားချက်တွေကို ပိုမိုအသက်ဝင်အောင် နို၀င်ဘာလနဲ့ ဖေဖော်ဝါရီလတွေမှာ နှစ်ကြိမ်ခွဲပြီး ရိုက်ကူးခဲ့ရပါတယ်။

(၆) တောင်ကြီးအိမ် ၊တန်ဆောင်တိုင်ပွဲတော်နှင့် ပအို၀်းရွာ ဇာတ်ဝင်ခန်းများကို ရာသီပွဲတော်ကာအေးချမ်းလှတဲ့ နို၀င်ဘာလမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး စပျစ်ခြံဇာတ်ဝင်ခန်းတွေကိုတော့ စပျစ်ပင်တွေအလှဆုံးဖြစ်တဲ့ ဖေဖော်ဝါရီလကို သုံးလကြာစောင့်ဆိုင်းပြီးမှ ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။

(၇) ဇာတ်လမ်းအရ ဇာတ်ဝင်ခန်းအဆက်များကို သုံးလကျော်ကြာမှ ပြန်လည်ရိုက်ကူးရတာဖြစ်တဲ့အတွက် အပြင်အဆင်များကွာဟမှုမရှိအောင် Fashion Art Director နဲ့ Stylist မှ အသေးစိတ်ပြင်ဆင်ခဲ့ရသလို Mood တွေအတွက်လည်း ဒါရိုက်တာမှ ချိန်ညှိပေးခဲ့ရပါတယ်။

(၈) လရိပ်အေးရဲ့ ဇာတိမြေဖြစ်တဲ့ “ကျောက္ကချား” ရွာလေးဟာတောင်ကြီးမြို့ကနေ(၄)နာရီလောက်ခရီးဆက်ရတဲ့ မဲနယ်တောင်ကြားမှာတည်ရှိပြီး 7-10 ံ C လောက်သာရှိတဲ့ဆောင်းတွင်းညတွေမှာလည်းရိုက်ကူးခဲ့ရပါတယ်။

(၉)ပအိုးရွာရိုက်ကူးရေးမှာ ပြင်းထန်တဲ့ရာသီဥတုကြောင့် မင်းသမီးဒါရိုက်တာနဲ့ စက်အဖွဲ့သားတွေ နေမကောင်းဖြစ်ခဲ့ရပါတယ်။

(၁၀) ၀ုိင်ဖောက်ဖို့သင့်တော်တဲ့ အချိုဓာတ်ပြည့်မီတဲ့ စပျစ်သီးတွေကို ခူးဆွတ်ချိန်ဟာ သုံးရက်ကနေ ခုနှစ်ရက်အတွင်းပဲရှိတာမို့ စပျစ်ခြံနဲ့ စပျစ်သီးခူးတဲ့ SCENE တွေကိုတစ်ပတ်အတွင်းအပြီးရိုက်ခဲ့ရပါတယ်။

(၁၁) ဒေါ်မမရှင်တစ်ယောက် ၀ုိင်အရသာကို ရိုက်ကွင်းမစခင်မှာစမ်းသောက်ကြည့်ရင်းက ၀ုိင်အဖြူနဲ့ မတည့်ပဲ ဆက်မရိုက်နိုင်တော့တာကြောင့် အဲ့ဒီနေ့က ရိုက်ကွင်းနားခဲ့ရပါတယ်။

(၁၂) ၀ုိင်စည်သိုလှောင်ရုံအတွင်းရိုက်ကူးရတဲ့အခန်းတွေဆိုရင် ၀ုိင်တွေကိုထိန်းသိမ်းဖို့ သတ်မှတ်ထားတဲ့အပူချိန်တိုင်းသာရိုက်ကူးရတဲ့အတွက် ရုပ်ရှင်မီးများကို အသုံးပြုခြင်းမပြုပဲ မီးလုံးလေးတွေကိုသာ အထူးလဲလှယ်တပ်ဆင်ပြီး သဘာဝကျ လိုအပ်တဲ့ အလင်းပြည့်မီအောင် စီစဉ်ခဲ့ရပါတယ်။

(၁၃)နေ့ဘက်လို့ယူဆရတဲ့ Scene တော်တော်များများက အချိန်နဲ့နေရာအခက်အခဲကြောင့် ညဘက်မှာပဲ နေ့ဘက်ပုံစံရအောင်ရိုက်ကူးခဲ့ရတာပါ။

(၁၄) လရိပ်အေးအမေရဲ့ မြေပုံဟာ ပအို၀်းတိုင်းရင်းသားတွေရဲ့ ထုံးစံအတိုင်းပြုလုပ်ထားတာဖြစ်ပြီး ပအို၀်းရွာတစ်ခုရဲ့ သချုင်္ီုင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

(၁၅)မီးပုံပျံကွင်းအတွင်း ရိုက်ကူးရတဲ့အခန်းတွေဟာ ညနေ(၄)နာရီထဲက ပွဲခင်းထဲရိုက်ကွင်းစတည်ခဲ့သော်လည်းပွဲလာသူအလွန်များနေလို့ တကယ်တမ်းစတင်ရိုက်ကူးလို့ရတဲ့အချိန်ကတော့ မနက်(၂)နာရီဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးရော ကြည့်ဖြစ်အောင်ကြည့်လိုက်နော်။ 

Source : အနမ်းဝိုင် page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။