လူတစ်ယောက်ဟာ မွေးစနေ အသက်(၁၈) နှစ်ပြည့်ရင် လူကြီးဖြစ်တယ်လို့ ယေဘုယျသတ်မှတ်ထားကြ ပါတယ်နော်။ တစ်ကယ်တော့ (၁၈)နှစ်ဆိုတာ ဖွံ့ဖြိုးမှုသိပ်မပြည့်စုံလှပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးဖွ့့ံဖြိုးဆုံးအ ချိန်က (၂၅) နှစ်လို့ဆိုပါတယ်။ စွမ်းဆောင်ရည်အပြည့်အဝပေးနိုင်ဆုံးချိန်ဆိုလည်း မမှားပါဘူး။ ဒီအချိန်ဟာ ကျန်းမာရေးအရရော ဦးနှောက်စွမ်းရည်အရပါ အစွမ်းဆောင်ဆုံးရှိတဲ့အချိန်ဟာ အသက်(၂၅) နှစ်အရွယ်ပဲ ဖြစ်ပါတယ်။ အသက်(၂၀)မှ အသက်(၂၅) အရွယ်ထိမျိုးဆက်ပြန့်ပွားဖို့အတွက် လုံလောက်တယ်ဆိုရင် လည်းမမှားပါဘူး။ မွေးလာတဲ့ကလေးအတွက်လည်း ဉာဏ်ရည်ပြည့်မှီပြီး ဖွ့ံဖြိုးမှုအကောင်းဆုံးအချိန်ပါ ။ကလေးအတွက်ရော လူကြီးအတွက်ပါ ကောင်းမွန်တဲ့ခြေအနေတစ်ခုဖြစ်ပါတယ်။

တစ်ကယ်လို့ကိုယ့် အိမ်ထောင်ပြုလို့ ကလေးမရအောင်တားဆေးတွေ သောက်မယ်ဆိုရင် ဖြည့်စွမ်းအာဟာ ရအနေနဲ့ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ဇင့်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သတ္တုဓာတ်တွေ မှီဝဲပေးဖို့လိုအပ်ပါတယ်နော်။ အမျိုးသမီးတွေ အနေနဲ့ ဗီတာမင် ဘီ 6 ဟာဓမ္မတာမလာခင်မှာ ြုဖစ်တတ်တဲ့စိတ်ပို်င်းဆိုင်ရာတွေကို အထောက်ကူပြုပေးလို့ သောက်သုံးသင့်ပါတယ်။ ပြီးတော့ နာကျင်ခြငး်၊ ရင်သားတင်းမာခြင်း၊ တို့အတွက် EPO ကိုမှီဝဲရပါမယ်။ အမျိုးသားတွေအနေနဲ့ စီးကရက်၊ အယ်လ်ကိုဟော တွေကိုမသောက်မိဖို့ လိုပါတယ်။ အမျိုးသားတွေ သုတ်ကောင်ကျန်းမာဖို့ သွပ်(ဇင့်)ဓတာ်ကိုရရှိအောင်နေထိုင် စားသောက်ရပါမယ်။

အမျိုးသမီးတွေ အရမ်းပိန်ခြင်း၊ အရမ်းဝခြင်းကလည်း ကလေးရရှိနှုန်းကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုမရှိ အောင် နေရပါမယ်။ လူအများစုကတော့ စိတ်ဖိစီးမှုကို အရက်သောက်ခြငး်နှင့် ဖြေဖျောက်တတ်ကြပါတယ်။ တစ်ကယ်တော့ အရမ်းအန္တရယ်ရှိပါတယ်။ အသက်(၂၅)နှစ်ရောက်တဲ့အခါ လေ့ကျင့်ခန်းကိုပုံမှန်လုပ်ပေး သွားပါ။ အမျိုးသမီးတွေ အနေနဲ့ကယ်လ်စီယမ်၊ ဗီတာမင် ဒီ3 ကိုမှီဝဲဖို့လိုပါတယ်။ ပြီးတော့ ဦးနှောက်စွမ်း ရည်ပြည့်ဝတာကြောင်း ပညာသင်ရင်လည်း အထူးချွန်ဆုံးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အသက်က (၂၅) နှစ်သာပြည့်ပြီးဆိုရင် ကျန်းမာရေးလည်း လိုက်စားပါ။ ပညာရေးလည်း သင်ယူပါ။ ပေါင်းသင်ဆက်ဆံရေး လည်း ပြေပြစ်စေဖို့ လုပ်ဆေင်သင့်ပါတယ်။ အားလုံးကျန်းမာကြပါစေ။

Source : ဇွန်ခိုင်ဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။