ပရိတ်သတ်တွေအတွက် ခန္ဓာကိုယ်အလှအပကို sexy ကျကျပုံစံမျိုးနဲ့ မိန်းမလေးတစ်ယောက်ရဲ့ ဖွံ့ထွားမှုပကတိအလှတရားတွေကို ရိုက်ကူးတဲ့မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဇွန်သင်ဇာကတော့ မသိတဲ့သူမရှိသလောက်ပါပဲ။ ဇွန်ကြီးလို့ပြောလိုက်တာနဲ့ ဖွံ့ထွားဝင့်ကြွားလှပလှတဲ့ သူမရဲ့ ခန္ဓာကိုယ်ကြီးကို စွဲမက်ယစ်မူးနေကြတဲ့ ပုရိသတွေလဲများစွာရှိနေပါတယ်။ ဇွန်ုကြီးအနေနဲ့လဲ ဝါသနာပါတဲ့အရာကို လုပ်ကိုင်နေရတဲ့အတွက် စိတ်ချမ်းသာရပေမယ့် သူမဝါသနာကို လက်ညှိုးထိုး ရှုံချနေတဲ့လူတွေလဲများစွာရှိတဲ့အတွက် နောက်တက်လာတဲ့ sexy မော်ဒယ်လေးတွေအတွက် အားပေးစကားလေးလဲပြောကြားခဲ့ပါတယ်။

သူမအနေနဲ့ ကိုယ်ဝါသနာပါတဲ့အရာကို ကိုယ်ကိုတိုင်ကြိုးစားပြီး အောင်မြင်အောင်လုပ်ကိုင်နေရတဲ့ဘဝမှာ ဘေးစကားတွေကို နားယောင်လို့ရပါဘူး ၊ ယုံကြည်မှုအပြည်နဲ့ အဆုံးထိရောက်အောင်ကြိုးစားဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်။ကိုယ်ကဒီအလုပ်ကို တကယ်အသက်မွေးဝမ်းကြောင်းအနေနဲ့လုပ်မှာလား ၊ကိုယ်ရောတကယ်ဝါသနာပါရဲ့လား လို့သေချာစဉ်းစားဖို့ကိုလဲပြောကြားခဲ့ပါတယ်။ ကိုယ်တကယ်လျှောက်လှမ်းပြီးဆိုရင်လဲ အခက်အခဲတွေ ၊ သေဖန်တိုက်ခိုက်မှုတွေ၊ ခရီးလမ်းကကြမ်းတမ်းခက်ခဲမှုတွေကိုလဲ ကြုံတွေ့ရမှာဖြစ်လို့ စိတ်ဓာတ်မကျပဲ ခွန်အားအပြည့်နဲ့ လျှောက်လှမ်းစေချင်တယ်လို့လဲပြောကြားခဲ့တာလဲဖြစ်ပါတယ်။

သူမစလုပ်တဲ့အချိန်တုန်းကလဲ sexy မော်ဒယ်လုပ်တဲ့သူမရှိသလောက်ရှားနေတဲ့အချိန်တုန်းကမို့လို့ လူတိုင်းသိသွားပြီး sexy မော်ဒယ်ဆိုတာနဲ့ ဇွန်ကြီးနဲ့ ဇာဇာထက်ကိုပဲ ပြေးမြင်ကြတဲ့အထိဖြစ်ခဲ့ကြတယ်လို့လဲပြောကြားခဲ့ပါတယ်။ဒီလမ်းကိုလျှောက်နေကြတဲ့မည်သူ့ကိုမဆို ဘယ်သူ့ကိုမှု မှန်တယ်မှားတယ်ဆိုပြီး သွားလက်ညှိုးထိုးလို့မရပါဘူး။ မြန်မာနိုင်ငံမှာ သိပ်မဖွံံ့ဖြိုးလက်မခံသေးတဲ့ ရပ်တည်မှုမျိုးကို လုပ်နေပေမယ့် အဓိက ကတော့ ကိုယ့်ကျင့်သိက္ခာကိုထိန်းနိုင်ဖို့ပဲလို့လဲပြောကြားခဲ့ပါတယ်။

source - Opinion Leaders Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။