ဖေဖော်ဝါရီ(၈)ရက်နေ့၊မနေ့က ညပိုင်းအချိန်၊ မရမ်းကုန်းမြို့နယ်အမှတ်(၃)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ကြိုးဆွဲချသေဆုံးသူမှာ ရွှေဝါလမ်း အိမ်အမှတ်(၂)တွင်နေထိုင်တဲ့ အသက်(၄၂)နှစ်အရွှယ် အောင်ကိုကိုဝင်းအမည်ရှိ အမျိုးသားတစ်ဦးဖြစ်တယ် လို့ ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရသိရပါတယ်။၎င်းသေဆုံးမှုဖြစ်စဉ်အကြောင်းအရင်းကိုတော့ မသိရသေးပဲ စုံစမ်း စစ်ဆေးလျက်ရှိတယ်လို့ ဘုရင့်နောင်ရဲစခန်းမှ၊ စခန်းမူးရဲအုပ်တင်နိုင်ဇော် ပြောပါတယ်။ 

အဆိုပါကြိုးဆွဲချသေဆုံးမှု ဖြစ်စဉ်သို့ ဘုရင့်နောင်ရဲစခန်းစခန်းမူးရဲအုပ်တင်နိုင်ဇော်အဖွဲ့ မှသွားရောက်စစ်ဆေး ခဲ့ရာ သေဆုံးသူမှာနေအိမ် အိပ်ခန်းအတွင်းမှာသေဆုံးနေတယ်လို့ သိရပါတယ်။အိပ်ခန်းအတွင်းကုတင်ပေါ်မှာ မတ်တပ်အနေအထား သေဆုံးလျက်တွေ့ရှိခဲ့ရတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။ဆက်လက်ပြီး ရဲလုပ် ငန်းများအရ သေချာစွာစီစစ်ဆောင်ရွက်ပြီး သေဆုံးသူအားအင်းစိန်ဆေးရုံသို့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါသေဆုံးသူရဲ့ မိသားစုများကို ရဲတပ်ဖွဲ့ခေါ်ယူ စစ်ဆေးမေးမြန်းလျက်ရှိတယ်လို့ သိရပါတယ်။ဆက်လက်ပြီး လက်ရှိတည်ဆဲဥပဒေအရ အရေးယူဆောင်ရွှက်သွားမယ်လို့ စခန်းမူး ရဲအုပ် တင်နိုင်ဇော် ပြောပါတယ်။ 

သတင်းအရင်းအမြစ် - မှုခင်းကူညီမူပရဟိတ မရမ်းကုန်းမြို့နယ်ရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။