ပရိတ်သတ်အချစ်တော် မင်းသမီးလေး မိုးယုစံကတော့ ဒီနေ့မှာသူမတို့မိသားစုလေးဟာ Holiday ခရီးထွက်နေကြပြီ ဖြစ်ပါတယ်။ ယခုဆိုရင် သူတို့မိသားစုထဲ အိမ့်ဆည်းလည်း သားသားလေး ပါ ထပ်တိုးလာပြီမို့ သားသားလေးရဲ့ ပုံလေးတွေရော သူမတို့ ဇနီးမောင်နှံရဲ့ ပုံလေးတွေရောကို Social Media ပေါ်တင်ပေးထားတာဘဲဖြသ်ပါတယ်။အရမ်းကိုပျော်ရွှင်ကြည်နူးစရာ မိသားစုလေးတစ်ခုပါဘဲ။ 

မိုးယုစံတို့ ဇနီးမောင်နှံကတော့ လွန်ခဲ့တဲ့နှစ်က အောက်တိုဘာလမှာ လက်ထပ်ခဲ့တာဖြစ်ပြီး ယနေ့မှာဆိုရင် မင်္ဂလာသက်တမ်း တစ်နှစ်ကျော်ရှိပြီးဖြစ်ပါတယ်။ အခုဆိုရင် သားလေးတစ်ယောက်ပါ သူတို့ဘဝထဲ တိုးဝင်ရောက်နှင့်ခဲ့ပြီဖြစ်ပါတယ်။ မကြာမှီကျရောက်တော့မယ့် တရုတ်နှစ်ကူးပွဲတော်မရောက်မှီ ဘိုးဘွားကန်တော့ပွဲကိုလည်း မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ 

အမြဲလိုလိုခရီးတွေသွားပြီး ပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့ မိသားစုဘဝလေးဟာ တကယ်ကိုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းလှပါတယ်။

ခင်ပွန်းရဲ့ ချစ်ခင်ခြင်း နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာမို့ သူမကို အားကျတဲ့ ပရိတ်သတ်တွေလည်း မနည်းမနောပါပဲ ။ မိုးယုလေးက အိမ်ထောင်ကျပြီးမှ ပိုလှလာသလားတောင်ထင်ရတယ်လို့ ပရိတ်သတ်အချို့က ဆိုကြပါသေးတယ် ။ ခုတော့ အားပေးစရာ သူမတင်မက သားသားလေး ကိုပါ ဝိုင်းချစ်ခင်နေကြပါပြီ ။ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးပါပဲ ပရိတ်သတ်ကြီးတို့ရေ ... 

SOURCE - MOE YU SAN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။