မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုး၍ KBZ Bank ၏ Title Sponsor အဖြစ် ကူညီပံ့ပိုးမှုဖြင့်ကျင်းမည့် မြန်မာဘောလုံးလောက၏ ပထမဆုံးအမျိုးသမီးပရိုဖက်ရှင်နယ်လိဂ်ဖြစ်သည့် KBZ Bank Women's League 2016 ဖွင့်ပွဲအခမ်းအနားနှင့် ပထမဆုံးပွဲစဉ်ကို ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့အောင်ဆန်းကွင်း၌စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနား မစတင်မှီ နိုင်ငံကျော်အဆိုတော် ရဲရင့်အောင်၊ နီနီခင်ဇော်၊ အိမ့်ချစ်တို့အပါအဝင် ထိုင်းနိုင်ငံမှနာမည်ကျော်အက အဖွဲ့ဝင်များကမွန်းလွဲ ၂ နာရီတွင်စတင်ဖြေဖျော်မည်ဖြစ်သည်။

KBZ Bank Women's League ၏ ပထမဆုံးပွဲစဉ်အဖြစ် ဂန္ဓမာအသင်း နှင့် သစ္စာအားမာန်အသင်းတို ့ ညနေ ၄:၀၀ နာရီတွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံးချစ်ပရိသတ်များ ဝင်ကြေးအခမဲ့ အားပေးကြည့်ရှုနိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။