ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ခင်ဝင်ဝါဟာ မြန်မာမိန်းကလေးပီပီ မြန်မာဝတ်စုံလှလှလေးတွေကို မြတ်မြတ်နိုးနိုးဝတ်ဆင်တတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ မြန်မာဝတ်စုံလေးနဲ့ ယဉ်တစ်ကိုယ်မယ် အလှ သွေးကြွယ်နေတာ ဖြစ်ပြီး အကြည့်တွေ မလွှဲချင်လောက်အောင် ချစ်စရာကောင်းနေပါတယ်။ ချစ်စရာကောင်း တဲ့ အပြုံးလေးတွေကည်း မြင်ရသူပရိသတ်တွေရဲ့ နှလုံးသားကို အေးချမ်းသွားနိုင်စွမ်းရှိတဲ့ ညို့နိုင်လွန်းသူလေး လို့ဆိုရပါမယ်။

ဝင့်ဝါလေးကတော့ ယမန်နေ့ညက ရုပ်ပျို တိုင်းရင်းဆေးဝါး၏ ၄၅နှစ်ပြည့် အထိမ်းအမှတ်ပွဲကိုတက်ရောက် ခဲ့ပါတယ်။ အရမ်းကိုလှသွေးကြွယ်နေတဲ့ ပုံရိပ်လေးတွေကိုပုံပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးကိုဝတ်ဆင်ပြီး ဆံထုံးလေးနဲ့လိုက်ဖက်တဲ့ သူမရဲ့အလှဟာ လူတွေများစွာကြားထဲ ထင်းခနဲရှင်းခနဲပေါ်လွင်လှပနေပါတယ်။ 

ပရိသတ်တွေကလည်း သူတို့အသဲတုန်းလေးရဲ့ ချစ်စရာပုံရိပ်လေးတွေ ကြည့်ပြီးတကယ်ကို ချစ်မဝဖြစ်နေကြပါတယ်။

မြန်မာဆန်ဆန် အလှနဲ့ ပရိသတ်တွေ အလွမ်းပြေ စေမယ့်အပြင် အချစ်ပါ ပိုသွားစေမယ့် ပုံရိပ်လေးတွေကို မျှဝေလိုက်တာ ပဲဖြစ်ပါတယ်။

မကြာမှီမှာကျင်းပတော့မယ့် အကယ်ဒမီဆုပေးပွဲကြီးမှာလည်း ဘယ်လိုဆန်းသစ်လှပတဲ့ ဒီဇိုင်းလေးတွေနဲ့ ပွဲတက်လာမလဲဆိုတာ ပရိတ်သတ်တွေနဲ့ထပ်တူ ရင်ခုန်စွာစောင့်မှျှော်နေပါတယ်နော်။ 

SOURCE - MYANMAR CELE 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။