မကြာသေးခင်ကမှ လမ်းခွဲသွားကြတဲ့ မင်းသား လီမင်ဟိုနဲ့ သူ့ချစ်သူမင်းသမီးလေး ဆူဇီတို့က ခုချိန်မှာ ပြန်လည် လက်တွဲနေကြပါပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ် ။ ကိုရီးယားသတင်းဠာနတစ်ခုကနေ လီမင်ဟိုနဲ့ ဆူဇီ တို့ဟာ လျို ့ဝှက်ပြီး ပြန်တွဲနေကြပြီလို့ သတင်းတွေဖြန့်လိုက်တဲ့အပေါ် သူတို့ရဲ့ အေဂျင်စီတွေက ငြင်းဆိုလိုက်ကြတာပါ ။ 

ဒီသတင်းကြောင့် လီမင်ဟို နဲ့ ဆူဇီတို့ရဲ့ ပရိတ်သတ်အချို ့က ၀မ်းသာသွားကြသလို သူတို့တွဲတာကိုသဘောမတူတဲ့ အချို ့ကလည်း ၀မ်းနည်းခဲ့ကြတာပါ ။ ခုတော့ ပိုနေမြဲ ကျားနေမြဲပါပဲ လို့ အေဂျင်စီ နှစ်ခုစလုံးက ပြောကြားခဲ့ပါတယ် ။ 

လီမင်ဟိုရဲဲ့ အေဂျင်စီက သူတို့နှစ်ယောက် လျို ့ဝှက်ပြီး တွေ့ဆုံခဲ့ကြတယ်ဆိုတဲ့သတင်းက မမှန်ကန်ပါဘူး ။ သူတို့နှစ်ယောက် အတူတူပြန်တွဲနေကြတယ်ဆိုတာ မဟုတ်ပါဘူး လို့ ငြင်းဆိုခဲ့ပြီး

ဆူဇီရဲ့ အေဂျင်စီကလဲ ဆူဇီကို သေချာမေးကြည့်ပြီးပါပြီ ။ ထွက်နေတဲ့ ကောလဟာလတွေက မမှန်ပါဘူး လို့ ထပ်မံငြင်းဆိုခဲ့ပါတယ် ။ 

ဒီ သတင်းက အမှန်မဟုတ်ဘူးဆိုတာ သေချာပြီပေါ့နော် ။ လီမင်ဟိုနဲ့ ဆူဇီတို့ဟာ သုံးနှစ်ကြာ လက်တွဲပြီးတဲ့နောက်မှာ မအားလပ်နိုင်တဲ့ အလုပ်အချိန်ဇယားတွေနဲ့ အချိန်မပေးနိုင်တော့တာကြောင့် လမ်းခွဲခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ သက်ဆိုင်မှုလုံးဝမရှိတော့ဘူးလို့ သူတို့ကိုယ်တိုင်က ငြင်းဆိုထားခဲ့ကြပြီပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် ုkoreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။