၀ါသနာတူ ညီအစ်မတွေဖြစ်တဲ့ စိုးပြည့်နဲ့ စန္ဒီမြင့်လွင်ကတော့ အနုပညာတစ်ခုကို အတူတူဖန်တီးဖြစ်မယ့်ပုံပါပဲ။

စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ တို့ရဲ့ညီမလေးတွေဖြစ်တဲ့ သရုပ်ဆောင် စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင် တို့ နှစ်ဦးကတော့ အစ်မတွေခြေရာနင်းတဲ့ အနုပညာပိုးပါသူတွေဖြစ်ပါတယ်။

ပရိသတ်ကိုယ်စီနဲ့ နယ်ပယ်တစ်ခုစီမှာ အောင်မြင်နေကြတဲ့ သူတို့နှစ်ဦးဟာ ဒီလထဲမှာ သီချင်းတစ်ပုဒ်ကို အတူတူဖန်တီးသီဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

“Hello......ချစ်ဆုံးတို့ရေ.....မဒီနဲ့စိုးပြည့်တူတူတွဲဖက်ဆိုထားတဲ့သီချင်းလေးတပုဒ်ကိုဒီလထဲနားထောင်ရအောင်ကြိုးစားနေပါတယ်လို့.....ဘာသီချင်းလေးလဲဆိုတာတော့......coming soon” ဆိုပြီး ရေးသားကာ သူမရဲ့ ဖေ့ဘုတ်မှာ အသိပေးထားပါတယ်။

ညီအစ်မအရင်းတွေမဟုတ်ပေမယ့် တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ကြတဲ့ သူတို့ညီအစ်မကတော့ တစ်ယောက်တစ်မျိုးစီအလှနဲ့ ချစ်စရာကောင်းနေတာဖြစ်ပါတယ်။

အဆိုတော်စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင်ပိုင်းမှာ အတွေ့အကြုံရှိရုံသာမက ရက်ပ်သီချင်းတွေသီဆိုရာမှာလည်း ပရိသတ်အခိုင်အမာရရှိနေသူဖြစ်ပါတယ်။

အကယ်ဒမီဆုရှင်စိုးပြည့်ကလည်း သီချင်းလေးတွေဆိုတတ်ရုံသာမက အနုပညာလောကမှာ အသက်ငယ်ငယ်လေးနဲ့ နာမည်ကြီးမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး အသံတိတ်နေသေးတဲ့ စိုးပြည့်ကတော့ မကြာခင် အိမ်ထောင်ပြုတော့မယ့် အစ်မဖြစ်သူ ဒီဒီးအတွက် နှမြောတသမိတယ်လို့လည်း အင်တာဗျုးတစ်ခုမှာ ဖြေကြားထားပါတယ်။ 

ပရိသတ်ကြီးရော သူတို့ညီအစ်မရဲ့ သီချင်းလေးထွက်လာရင် အားပေးမှာလား။ 

Source : SoePyaethazin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။