သမ္မတဟောင်း ဦးသိန်းစိန်ဟာ The Asia Cosmopolitan Awards က ၂၀၁၆ ခုနှစ်အတွက် ချီးမြှင့်သည့်အထူးဆုကို ရရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံအတွင်းသာမက ဒေသနိုင်ငံများအတွင်းပါ ၅နှစ်တာ ပြုပြင်ပြောင်းလဲအတွက် စွမ်းဆောင်ကြိုးပမ်းမှုကို အသိမှတ်ပြုလို့ ရွေးချယ်ချီးမြှင့်ခြင်းခံရတာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးအမတ်(ဟောင်း) တဦးဖြစ်တဲ့ ဦးအုန်းမြင့်က သူ့ကိုယ်ပိုင် ဖေ့စဘုတ်အကောင့်မှာရေးထားတာတွေ့ရပါတယ်။

The Asia Cosmopolitan Awards ဟာ အာရှနဲ့ ကမ္ဘာနိုင်ငံများအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုများကွာဟမှု လျော့ချနိုင်စေရန် လုပ်ကိုင်ကြတဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို အသိအမှတ်ပြုသည့်အနေနဲ့ ၂၀၁၂ မှ စတင်ပြီး ၂နှစ်၁ကြိမ်ဆုရွေးချယ်ပေးအပ်တဲ့အဖွဲ့လည်းဖြစ်ပါတယ်။

The Asia Cosmopolitan Awards အဖွဲ့အနေနဲ့ ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီ ၁၅ရက်နေ့ ဂျပန်နိုင်ငံ နရခရိုင်မှာ ဆုများပေးအပ်မှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။