နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အေးမြတ်သူတစ်ယောက် " လမ်းပေါ်ကမြွေ ဟောက် " ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေး အခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ ပန်းရောင်မြန်မာဝတ်စုံလေးနဲ့ သူမရဲ့ပုံရိပ်လေးတွေ တကယ်ကိုကြွေဆင်းချင်စရာပါပဲ။ လှပလွန်းတဲ့ အပြုံးလေးတွေအတွက် သူမရဲ့ပါးချိုင့်လေးက အပြည့်အဝတာဝန်ယူလို့ နေပါ တယ်။ အောင်မြင်တဲ့မင်းသမီးတစ်ဦးအဖြစ်နဲ့ အနုပညာလမ်းကြောင်း ပေါ်မှာလျှောက်လှ မ်းခဲ့တာဟာ အခုဆိုရင်ဆယ်စုနှစ်တစ်စုစာလောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ အားပေးသူ ပရိတ် သတ်တွေကလည်း အများအပြားပါပဲ။

သူမဟာသာမာန်ကုန်စိမ်းရောင်းတဲ့မိသားစုကကြီးပြင်းလာတာဖြစ်ပြီး အနုပညာမျိုးရိုးမရှိပေ မယ့် တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်လာ ခဲ့တယ်လို့ဆိုပါတယ်။ ယနေ့ထက်တိုင်ပရိတ်သတ်တွေကို ချစ်စဖွယ်အပြုံလေးတွေနဲ့ အပြည့်အ၀ ဆွဲဆောင်နိုင်နေတုန်းပါပဲ။ ဇာတ်ကားပေါင်းများစွာကို သရုပ်ပေါ်အောင် သဘာဝကျကျရိုက်ကူးခဲ့တဲ့ မင်းသမီးချောလေးတစ်လက်လည်း ဖြစ်ပါတယ်။ အသက် သုံးဆယ်ကျော်လို့မထင်ရလောက်ကို နုပျိုနိုင်လွန်းတဲ့ ပရိတ်သတ်ရင်ထဲက ပါးချိုင့် မင်းသမီးလေးတစ်ဦးပါပဲ။

ဒီနေ့မှာတော့ ဒါရိုက်တာစတီး (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ " လမ်းပေါ်ကမြွေဟောက် (Street Cobra) " ဇာတ်ကားရဲ့ ကန်တော့ပွဲပေး အခမ်းအနားကို ရွှေတိဂုံဘုရားမှာကျင်းပခဲ့တာပဲ ဖြစ် ပါတယ်။ သူမလည်းတက်ရောက်ပြီး ကန်တော့ခဲ့ပါတယ်။ သူမရဲ့ကန်တော့ပွဲပေး အခမ်း အနားကိုတက်ရောက်လာတဲ့ မြန်မာ့ရိုးရာဝတ်စုံလေးက တကယ်ကိုပဲကျက်သရေရှိရှိလှပ လွန်းနေပါတယ်။ ချစ်စရာကောင်းတဲ့ ပါးချိုင့်မင်းသမီးလေး အေးမြတ်သူရဲ့ မြန်မာဆန်တဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Actress Aye Myat Thu's FB (EDEN picture)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။