ကမ္ဘာတစ်ဝှမ်းတွင် သွား ကျိုး၊ သွားမရှိဖြစ်သည့်အခါ သွားစိုက်ခြင်းမှာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး လူသန်းပေါင်းများစွားအတွက် အထောက်အကူဖြစ်စေသည်။ ယခုအခါသိပ္ပံပညာရှင်များက လုံးဝအန္တရာယ်မဖြစ်စေသော နည်းပညာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အဆိုပါ(Oss- eointegration) နည်းဖြင့် ကိုးပတ်အတွင်း ကိုယ်ပိုင်သွား များပြန်လည်ပေါက်လာစေမည်ဖြစ်သည်။ပါးစပ်အတွင်းရှိ သွားများမှာ ၎င်းတို့ကိုယ်တိုင်ပြန်လည် ကြီးထွားလာပြီး ဘေးပတ်ဝန်းကျင်ရှိ အံပုံများကိုပင် အစား ထိုးသွားဖွယ်ရှိသည်။

ကိုလံဘီယာတက္ကသိုလ်မှ ဒေါက်တာ ဂျယ်ရီမီးမာအ်နှင့် သူ့အဖွဲ့မှာ သွားအတွက် စတင်းမ်ဆဲလ် (Stem cell) များဖြင့် ပုံစံတစ်ခုတည်ဆောက်ရန်ကြိုးစားခဲ့ ပြီး DNA ကိုအသုံးပြုကာ သွားသစ်ကြီးထွားလာစေရန် လှုံ့ဆော်စေမည်ဖြစ်သည်။ ယင်းသို့အံ့အားသင့်ဖွယ်ရှာဖွေ တွေ့ရှိမှုမှာ သွားကျန်းမာရေးအတွက်တောက်ပသောအနာ ဂတ်ဖြစ်လာမည်ဟု ကတိပြုထားပြီး ကိုးပတ်အတွင်းသွား အသစ် ပြန်လည်ပေါက်လာရန် အခွင့်အလမ်းရှိလာမှာပဲဖြစ်ပါတယ်။

” သင့်ခန္ဓာကိုယ်ကStem cells တွေနဲ့ ကျွတ်သွား တဲ့ သွားတွေနေရာကိုအစားထိုးမှာပါ။ သွားက ပတ်ဝန်းကျင် ရှိ တစ်ရှူးတွေကို သူ့ဘာသာပေါင်းစပ်သွားမှာပါ။ ဒီလိုနဲ့ အသစ်တဖန်သွားပေါက်ခြင်းလုပ်ငန်းစဉ်ကို တိုးတက်စေရန် ကူညီပေးပါတယ်။ အကျိုးဆက်အားဖြင့် အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ သွားအသစ်ပြန်ပေါက်လာမှာပါ” ဟု ဒေါက်တာမာအ်မှ ပြောကြားခဲ့သည်။သို့သော်လည်း အဆိုပါသွားစိုက်ကုထုံးမှာ သုသေသနလုပ်ဆောင်မယ့် အဆင့်တွင်ရှိနေသေးတာပဲဖြစ်ပါတယ်။

Source : Forcus Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။