နိုင်ငံအသီးသီးမှာ စီပွားရေးကျပ်တည်းမှုတွေကြောင့် လူအများစုဟာစားဝတ်နေရေးကျပ်တည်းမှုတွေ အများအပြားဖြစ်ပေါ်နေကြပါတယ်။ အလုပ်အကိုင်အဆင်မပြေမှုရဲ့ နောက်ထွက်ဆိုးကျိုးတစ်ခုကတော့ လူတွေဟာ စား၊ဝတ်၊နေ၊ရေးအဆင်ပြေရန်အလို့ငှာ မိမိတို့ရဲ့ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူရောင်းချမှုများရှိနေကြပါတယ်။ တစ်ချို့တွေဆိုရင်လည်း ကြွေးမြီးတွေမဆပ်နိုင်တဲ့အတွက် ကိုယ်အင်္ဂါတွေကို ထုတ်ပေးလိုက်ရတဲ့ ပြသနာမျိုးတွေ ဖြစ်ပေါ်နေကြပါတယ်။

ဒီနေ့မှာတော့ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးရဲ့ ကျောက်ကပ်ကိုခိုးယူရောင်းချမှုခံခဲ့ရတယ်ဆိုပြီး ရဲတွေကိုတိုင်တန်းချက်အရသိရပါတယ်။ ခိုးယူရောင်းချသူနှစ်ဦးမှာ ခင်ပွန်းသည်နဲ့ ခဲအိုတို့ဖြစ်ပြီး သူမရဲ့ မင်္ဂလာဆောင် တင်တောင်းငွေအစား သူမကျောက်ကပ်အား ခိုးယူခဲ့တယ်လို့ သိရပါတယ်။ အခုခါမှာတော့ ကျူးလွန်ခံရသူ အမျိုးသမီးတိုင်ကြားချက်အရ သူတို့နှစ်ဦးကို ရဲကဖမ်းလိုက်တယ်လို့လည်း သိရပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်က အမျိုးသမီး ဗိုက်အောင့်ပြီး အူအတက်ခွဲစိတ်စဉ် အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက စီစဉ်ခဲ့တာလို့သိရပါတယ်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက် နှစ်ခုအရ သူမရဲ့ကျောက်ကပ်တခု ပျောက်နေတယ်ဆိုတာ သိခဲ့ရတာဖြစ်ပါတယ်။ ယခုအခါ ရဲစုံစမ်းရေးအရာရှိ အူဒေးရှန်ကာဂို့ရှ်က “လူသားရဲ့တစ်ရှူးနဲ့ အင်္ဂါပစ္စည်းတွေကို ဖယ်ရှားတဲ့အမှုနဲ့ အမှုဖွင့်ထားတယ်။ သတို့သမီးကို နှိပ်စက်ညှဉ်းပမ်းမှု၊ သတ်ဖြတ်ရန် ကြိုးစားမှုတွေနဲ့ လူ ၃ ဦးကို တရားစွဲထားတယ်” လို့ ပြောကြောင်း သတင်းမှာ ဖော်ပြချက်အရ သိရပါတယ်။

source- dvb tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။