လူတစ်ယောက်ရဲ့လှပမှုက တချို့နေရာတွေမှာ တကယ်အသုံးဝင်တယ်ဆိုတာကို သက်သေပြခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုကတော့ တရုတ်နိုင်ငံမှာဖြစ်ပေါ်ခဲ့ပါတယ်။ အပြစ်ကျူးလွန်ထားတဲ့သူတစ်ယောက်ကိုတော့ နားလည်ခွင့်လွှတ်ပေးနိုင်လောက်အောင် လှပမှုကအရေးပါတယ်ဆိုတာကတော့ စိတ်ဝင်စားစရာကိစ္စလေးတစ်ခုဖြစ်ခဲ့ပါတယ်။ထိုအရာလေးကတော့ ကားနဲ့ဝင်တိုက်တဲ့ကောင်မလေးက အရမ်းချောတာကြောင့် အတိုက်ခံရတဲ့အမျိုးသားက ဘာမှအပြစ်မဖွဲ့ အရေးမယူခဲ့တဲ့ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်လေးကတော့ ဖရာရီကားအနီရောင်ကို တရုတ်နိုင်ငံ ဂွမ်ဒေါင်မြို့ Xunliao ပင်လယ်အော်တစ်လျှောက် မောင်းနှင်လာတဲ့အမျိုးသမီးလေးက အဖြူရောင်ဟွန်ဒါကားတစ်စီးကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။အတိုက်ခံရတဲ့ကားပိုင်ရှင်ကတော့ အစပိုင်းမှာတော့ ဒေါသတကြီးနဲ့ ဆဲဆိုကျိန်းမောင်းမှုတွေပြုလုပ်ပြီး ဖရာရီကားမောင်းသူကို ကားထဲကထွက်လာဖို့ပြောဆိုခဲ့ပါတယ်။ ဖရာရီကားမောင်းတဲ့အမျိုးသမီးလေးက အစပိုင်းမှာတော့ ကားထဲကထွက်မလာရဲခဲ့ဘူးလို့လဲသိရပါတယ်။

ရဲတွေရောက်လာပြီး ကားထဲကအတင်းထွက်ခိုင်းတော့မှသာ ထွက်လာတဲ့အမျိုးသမီးလေးကို မြင်လိုက်ရတဲ့အချိန်မှာတော့ ဆဲဆိုနေတဲ့အမျိုးသားဟာငြိမ်သက်သွားခဲ့တယ်လို့သိရပါတယ်။ ထိုအမျိုးသမီလေးဟာ အရမ်းလှပနေပြီး မျက်နှာလေးမှာ ကြောက်ရွံ့မှုတွေ မြင်တွေ့နေရတာကြောင့် ဟွန်ဒါကားပိုင်ရှင်အနေနဲ့ ဒေါသတွေအရည်ပျော်သွားပြီး ဂရုဏာချောင်းလေးဖြစ်ပေါ်သွားခဲ့တယ်လို့လဲသိရပါတယ်။ ထိုနောက်မှာတော့ အတိုက်ခံရသူအမျိုးသားဟာ မိန်းမပျိုးလေးကိုသနားတဲ့စိတ်နဲ့ အမှုတောင်မဖွင့်တော့ပဲ လျော်ကြေးအနည်းငယ်လေးနဲ့သာ ကျေးအေးပေးခဲ့တယ်လို့သိရပါတယ်။

source - Pho Thu Taw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။