အပျိုကြီးမမ နန်းခင်တစ်ယောက်တော့ အခုတလော ပရိသတ်ခေါင်းစားရမယ့် စာသားလေး တွေကို မကြာခဏတင်တက်ပါတယ်။ မိုးပြာရောင်မြန်မာဝတ်စုံလေးနဲ့သူမက ဒီနေ့လည်း ပရိသတ်ကိုစဉ်းစားစရာလေးလုပ်လိုက်ပြန်ပါတယ်။

ဒါကတော့ သူမက စိတ်ကောက်ရင်ပြန်ချော့မှ ကြိုက်ပါတယ် ပြန်မချော့ မချင်း မခေါ်ဘူး စိတ်ကောက်နေမှာပါတဲ့ ။ ဘယ်သူကိုများ ပြောနေတာပါလိမ့်နော် ပရိသတ်ကြီး ။

အချစ်ရေးအတွက် ကံမကောင်းသူပါလို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတဲ့သူမက ချစ်ရသူများ တွေ့နေပြီလားဆိုတာတော့ စဉ်းစားစရာပါပဲနော် ။ တစ်ယောက်တည်းဖြစ်နေဆဲ ဆိုပေမယ့်လည်း သူမအပေါ်နားလည်ပြီး ချစ်ပေးနိုင်မယ့်သူမျိုးနဲ့ ဖူးစာစုံခဲ့မယ်ဆိုရင်တော့ အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ထူထောင်ဖြစ်မှာပါလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ Miss လောကကို ပထမဆုံးစတင်ခဲ့သူတစ်ယောက် ဖြစ်တဲ့သူမဟာ အခုဆိုရင်တော့ ရှိုးပွဲတိုင်းရဲ့စင်မြင့်ထက်မှာ အောင်မြင်စွာလျှောက်လှမ်းနေသလို သရုပ်ဆောင်လောကမှာလည်း နေရာတစ်နေရာရရှိကာ ပရိသတ်ချစ်တဲ့ နန်းခင်တစ်ယောက်ဖြစ်လို့နေပါပြီ။

မြန်မာဆန်တာလေးကိုမှ ကြိုက်တဲ့ Myanmar Load ကပရိသတ်တွေအတွက် နန်းခင်ရဲ့ ပုံလှလှကလေးတွေကို စုစည်းပေးလိုက်ပြီနော် ။

Source - Nann Khin Zay Yar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။