နာမည်ကျော်သရုပ်ဆောင်အဆိုတော်တစ်ဦးဖြစ်တဲ့ ဝါဆိုမိုးဦးတစ်ယောက် ပထမဆုံး အကြိမ်အဖြစ် ရုပ်ရှင်ဇာတ်ကားတစ်ကားကို ထုတ်လုပ်တော့မှာ ပဲဖြစ်ပါတယ်။ သူမ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ ဇေရဲထက်၊ ရွှေကေသရီ၊ မိုးသူရ၊ စုနန္ဒာအောင် စတဲ့ သရုပ်ဆောင်တွေပါဝင်အားဖြည့်မှာပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်က " ကတ္တီပါမုန်တိုင်း " ဖြစ်ပြီး ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်မယ့် သူ ကတော့ ဒါရိုက်တာသားညီပဲဖြစ်ပါတယ်။ ဘယ်လိုဇာတ်လမ်းအမိုက်စားလေးဖြစ်မယ် ဆို တာတော့ ပရိတ်သတ်တွေရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

သူမဟာအောင်မြင်ပြီးသားအနုပညာရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးတာတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဇာတ်ကားတွေမှာ လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ် သတ်အားပေးမှုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ Snare အဖွဲ့ က အဆိုတော်ဖြိုးလေးနဲ့လည်း ချစ်သူတွေဖြစ်ပြီး ချစ်သက်တမ်းဟာလည်း နှစ်နှစ်ကျော် ကာတိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အမြဲတမ်းမခွဲအတူချစ်ကြတဲ့ သူမတို့နှစ်ဦးက ပရိတ်သတ်တွေ အားကျတဲ့ ချစ်သူစုံလေးတစ်တွဲဆိုလည်းမမှားပါဘူး။

သူမရိုက်ကူးတော့မယ့် ဒီဇာတ်ကားလေးဟာ ဘယ်လိုမျိုးအမိုက်စားပုံစံတွေနဲ့ ပရိတ်သတ် တွေရှေ့ကိုရောက်ရှိလာမလည်းဆိုတာတော့ ရင်ခုန်ချင်စရာပါပဲ။ ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ဆောင်တွေဟာလည်း အလန်းစားတွေချည်းပဲမို့ ကြည့်ရတာတန်စေမယ့် ဇာတ်ကား ကောင်းတစ်ကားဖြစ်မှာ အသေအချာပါပဲ။ ဒီဇာတ်ကားကို သရုပ်ဖော်မယ့် အမိုက်စား သရုပ်ဆောင်တွေရဲ့ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် နော်။

Photo - Warso Moe Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။