မြန်မာနိုင်ငံရဲ့ အဖိုးတန်ပစ္စည်းတွေကို ပြည်ပနိုင်ငံများသို့ ထုတ်လုပ်ရောင်းချမှုများစွာ ရှိနေကြောင်းကို ပရိသတ်များ သိမယ်ထင်ပါတယ်။ အဆိုပါရောင်းချမှုများတွင် တရားဝင်ရောင်းချမှုနဲ့ မှောင်ခိုရောင်းချသူများစွာ ရှိကြောင်း သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင်လည်း သစ်များတင်ဆောင်ထားတဲ့ ပိုင်ရှင်မဲ့စက်လှေတစ်စီးကို ဖမ်းဆီးရမိကြောင်း သိရပါတယ်။ 

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃) ရပ်ကွက် သချႋန်းအနီးပင်လယ်ကမ်းစပ်တွင် ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကပ္ပလီနယ်မြေမှူးတို့ နယ်မြေအခြေအနေလှည့်လည်စစ်ဆေးစဉ် တောင်သရက်သစ် စကွဲယားတုံး အပြည့်တင်ဆောင်ထားသည့် ပိုင်ရှင်မဲ့သစ်စက်လှေ တစ်စီးအား တွေ့ရှိသတင်းပေးပို့ချက်အရ သက်ဆိုင်ရာက စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ပိုင်ရှင်မဲ့သစ်စက်လှေမှာ အလျား ၃၃ ပေ၊အနံ ၁၀ ပေ၊စောက် ၆ ပေ ရှိပြီး တရုတ်နီ(၂၅)ကောင် စက်အမျိုးအစားတပ်ဆင်ထားသည့် ဖားကူးအမျိုးအစားစက်လှေဖြစ်ပါတယ်။ ယင်းစက်လှေပေါ်တွင် တောင်သရက်သစ် စကွဲယားတုံးများ အပြည့်တင်ဆောင်ထားပြီး ဟိုင်းကြီးကျွန်းမြို့သစ်တောဦးစီးဌာနက သစ်စုစုပေါင်း(၃)တန်ခန့် ရှိနိုင်ကြောင်းနှင့် မြေပြင်သို့သယ်ယူပြီးမှ သစ်တန်ကို အတိအကျ တွက်ချက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။

စက်လှေအမျိုးအစားမှာ ဖားကူးအမျိုးအစားဖြစ်သော်လည်း သစ်လုံးထွင်းလှေလုံးအားပင်လယ်တွင်း သွားလာမှုမြန်ဆန်အောင် ပြုပြင်ထားသော စက်လှေမျိုးဖြစ်ပြီး တင်ဆောင်ထားသောစကွဲယား တုံးများမှာ အနိမ့်ဆုံး (၆)တန်မှ (၇)တန်ခန့်အထိ ရှိနိုင်ကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရသိရပါတယ်။ ပင်လယ်ကမ်းစပ်တွင်ပိုင်ရှင်မဲ့တွေ့ရှိသောသစ်စက်လှေမှာပင်လယ်ရေများဝင်ရောက်နေပြီးအချိန်ကြာသွားပါက သောင်ပြင်ရှိသဲအတွင်း နစ်မြုပ်သွားနိုင်သဖြင့် စက်လှေပေါ်ပါ သစ်များအားနေရာရွှေ့ပြောင်း သိမ်းဆည်းနိုင်ရေးနှင့်ပိုင်ရှင်မဲ့သစ်များနှင့်ပတ်သက်၍ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာနက စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

Source - Myamaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။