၁။ တစ်ဦးချင်း ချမ်းသာကြွယ်ဝသူ ပေါများခြင်း

အာရှမှာတော့ မီလျံနာအပေါဆုံးနိုင်ငံက စင်္ကာပူဖြစ်ပါတယ်။ အိမ်သား ဆယ်ယောက်ရှိရင် တစ်ယောက်က မီလျံနာသဌေးဖြစ်နေပါတယ်။ ဒါဟာ ဘော့စတွန်အကြံပေးကုမ္ပဏီကပြုစုတဲ့ ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု စစ်တမ်းအရ သိရတဲ့အချက်ဖြစ်ပါတယ်။ မှုခင်းဖြစ်ပွားမှု အနည်းဆုံးနိုင်ငံလည်းဖြစ်သလို လေထုသန့်စင်မှုရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

၂။ ဝံ့ကြွားတဲ့ ကားပါကင်များ

ဆောက်လုပ်ရေးလုပ်ငန်း အဆင့်မြင့်တဲ့နိုင်ငံဖြစ်တာကြောင့် အဆောက်အဦတွေကို လိုအပ်သလို ဒီဇိုင်းဖော်ထားတာ စင်္ကာပူဖြစ်ပါတယ်။ Hamilton Scots လူနေအိမ်ရာဆိုရင် ကိုယ့်ကားကို ဓါတ်လှေကားထဲ မောင်းဝင်သွားပြီး အိမ်ခန်းထဲအထိ မောင်းသွားနိုင်ပါတယ်။ အိမ်ခန်းအတော်များများကတော့ ကားတွေကို ဧည့်ခန်းမှာထားလေ့ရှိပါတယ်။ စင်္ကာပူမှာ ကားရပ်စရာမြေနေရာလည်းရှားပါးလို့ဖြစ်ပါတယ်။

၃။ ပွဲတော်ရက်များပြားခြင်း

စင်္ကာပူက Singposts သတင်းစာဆိုရင် အင်္ဂလိပ်၊ တရုတ်၊ မလေးရှား၊ တမီးလ်ဘာသာ လေးမျိုးနဲ့ ထုတ်ဝေရပါတယ်။ စင်္ကာပူမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံမျှတစွာရှိတဲ့အတွက် ပွဲတော်ရက်တွေဟာ နှစ်တိုင်းနှစ်တိုင်း များပြားလှပါတယ်။

၄။ ကိုလိုနီခေတ် အဆောက်အဦ

ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အဦတွေကို ထိန်းသိမ်းတဲ့နေရာမှာ စင်္ကာပူက ထိပ်တန်းပဲဖြစ်ပါတယ်။ ဗြိတိလျှတွေ ၁၉ ရာစုနှစ်လောက်က ဆောက်လုပ်ခဲ့တဲ့ ကျောက်ပွတ်လုံးတိုင်တွေ ပါဝင်တဲ့ အဆောက်အဦတွေ များစွာ တွေ့နိုင်ပါတယ်။

၅။ ထိပ်တန်းရေကူးကန်များရှိခြင်း

ကမ္ဘာပေါ်မှာ အကောင်းဆုံးရေကူးကန်တွေကို ပိုင်ဆိုင်ထားတာလည်း စင်္ကာပူပါပဲ။ Marina Bay Sands ဟိုတယ်ပေါ်က ရေကူးကန်ဟာ ကမ္ဘာ့ထိပ်တန်းရေးကူးကန်ဖြစ်ပါတယ်။ မိုးမျှော်တိုက်သုံးလုံး ပေါ်မှာ သွယ်တန်း ဆောက်လုပ်ထားတဲ့ ရေကူးကန်ဖြစ်ပါတယ်။ ရေကူးတဲ့အခါ ဓါတ်ပုံမရိုက်ရ မနေနိုင်အောင် ဖြစ်ရတဲ့ ရေကူးကန်ပါ။

၆။ Grand Prix ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲကို ညဘက်မှာကြည့်လို့ရတာ ကမ္ဘာပေါ်မှာ စင်္ကာပူနိုင်ငံ တစ်နိုင်ငံပဲရှိပါတယ်။ ပြိုင်ပွဲနောက်ဆုံးရက်တွေမှာ ကမ္ဘာကျော်အဆိုတော်တွေလည်း လာရောက်ဖျော်ဖြေကြပါတယ်။ 

၇။ တန်ဖိုးနည်းလမ်းဘေး အစားအစာများရှိခြင်း

နိုင်ငံတကာထိပ်တန်း စာဖိုမှူးတွေကို ပိုင်ဆိုင်ထားတာ စင်္ကာပူက ကြယ်ငါးပွင့်ဟိုတယ်တွေဖြစ်သလို လမ်းဘေးအစားအစာတွေကိုလည်း ဈေးပေါပေါနဲ့ အရသာရှိရှိဝယ်စားလို့ရတဲ့နေရာတွေရှိပါတယ်။ စင်္ကာပူက လူကုံထံတွေတောင် ဒီနေရာမျိုးမှာ မကြာခဏစားကြပါတယ်။ တစ်ခါတရံသူတို့ မလာချင်တဲ့အခါ ဒရိုင်ဘာကို စေလွှတ်ပြီး ဝယ်ခိုင်းလေ့ရှိပါတယ်။

၈။ လူလုပ်ပန်းခြံရှိခြင်း

ဒေါ်လာ ၁ ဘီလီယံအကုန်အကျခံကာ လေးနှစ်နီးပါးအချိန်ယူတည်ဆောက်ထားတဲ့ သဘာဝမဟုတ်သော လူလုပ်ပန်းခြံလည်းရှိပါတယ်။ သစ်ပင်ပန်းမန်ပေါင်း မျိုးစိတ် ငါးသိန်းကျော်ရှိတဲ့ ပန်းခြံဟာ မနက် ငါးနာရီကနေ နောက်နေ့မနက် ၂ နာရီအထိ ဖွင့်လှစ်ပေးထားပါတယ်။

၉။ သန့်ရှင်းသပ်ရပ်ခြင်း

ဒါကိုတော့ အထူးပြောစရာလိုပါဘူး။ စင်္ကာပူဟာ ပီကေသွင်းလို့မရတဲ့ နိုင်ငံဖြစ်သလို လမ်းပေါ်က နံရံတွေမှာgraffiti ဆွဲလို့မရအောင် ဥပဒေနဲ့ ကန့်သတ်ထားပါတယ်။ သန့်ရှင်းသပ်ရပ်မှုမှာ စင်္ကာပူဟာ နံပတ် ၁ ဖြစ်ပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့ ရထားနဲ့ ကားတွေပေါ်မှာလည်း သပ်ရပ်မှု ထိပ်တန်းအဆင့်မှာရှိပါတယ်။

Source : ကိုမျိုး(သုတစွယ်စုံ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။