နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်းသင်းကြည်ရဲ့ ချစ်စဖွယ်သမီးလေး စံထိပ်ထားဦးတစ်ယောက် ပြင်ဦးလွင်မှာရှိတဲ့ မိခင်ဖြစ်သူရဲ့ ရှုတင်ကိုလိုက်လာပြီး သားမိနှ စ်ယောက် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေရိုက်ကူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက် က သူမရဲ့ဖခင် ဖြစ်သူကို ဘန်ကောက်မြို့မှာ ကျန်းမာရေးစစ်ဆေးမှုတစ်ချို့ပြုလုပ်ခဲ့ပြီး အားလုံးအဆင်ပြေ တယ်လို့ သိရပါတယ်။ သူမဟာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝ လေးကိုဖန်တီးထား နိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေး စံထိပ်ထားဦးကိုလည်း ပိုင်ဆိုင် ထား ခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့သမီးလေးဟာလည်း လက်ရှိမှာဆိုရင် ဆယ့်ငါးနှစ်ပြည့်ပြီးလို့ အသက် ဆယ့်ခြောက်နှစ်ထဲရောက်ရှိနေပြီပဲဖြစ်ပါတယ်။

အမေ့ခြေရာကို အတိအကျနင်းမယ့်သမီးလေးဖြစ်တာမို့ ကြော်ငြာလေးတွေ စတင်ရိုက်ကူးနေ ပြီပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေကလည်း ချစ်ခင်အားပေးခဲ့ကြပြီး အောင်မြင်မှု လမ်း ကြောင်း ပေါ်ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ သမီးဖြစ်သူရဲ့ သွက်လက်တဲ့အမူအရာလေး ကြောင့် ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းချက်တွေရှိပေမယ့် သူမအနေနဲ့ကတော့ လက်မခံသေးပါ ဘူးလို့ ဆိုပါတယ်။ သမီးဖြစ်သူဟာ ငယ်သေးတာကြောင့် ရုပ်ရှင်ကားရိုက်ဖို့ အဆင်သင့် မဖြစ်သေး တာကြောင့် လက်မခံခဲ့တာလို့ Interview တစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ သူမရဲ့သမီးဖြစ်သူနဲ့အတူ ရိုက်ကွင်းမှာ ချစ်စဖွယ်ပုံလေးတွေရိုုက်ကူးထား ပြီး သားမိလို့တောင်မထင်ရလောက်အောင်ကို ချစ်စရာကောင်းလွန်းကြတဲ့ သူမတို့ နှစ်ဦးရဲ့ ပုံရိပ်လေးတွေက တကယ်ကိုကြည်နူးစရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ အသက်လေးဆယ်ကျော်အရွယ်ထိ နုပျိုနေဆဲဖြစ်တဲ့ မခိုင်လေးရဲ့ အလှတရားတွေကလည်း ငယ်စဉ်ကအတိုင်းပဲ လုံးဝလျော့မသွားခဲ့ပါဘူး။ ချစ်စရာကောင်းတဲ့ သားမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။