ပရိတတ်သတ်တွေကြားထဲမှာ စိတ်ဝင်စားမှုများစွာခံနေရတဲ့ စုံတွဲလေးတစ်ဖြစ်တဲ့ G fatt နဲ့ နန်းစု အတွဲလေးကတော့ထပ်မံစိတ်ဝင်စားစေမယ့် အရာတစ်ခုကိုဖန်တီးလိုက်ပြီပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေအတူလုပ်ရင်း ပျော်နေတတ်တဲ့သူတို့စုံတွဲလေးကတော့ လူတိုင်းအားကျနေရတဲ့စုံတွဲလေးတစ်တွဲဖြစ်ပါတယ်။ ပရိတ်သတ်တွေထဲမှာတော့ သူတို့စုံတွဲလေးကို အားကျတဲ့သူတွေရှိကြတယ်မလား။

အခုဆိုရင်လဲ နှစ်ယောက်အတူူတူ ပုဂံကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ မကြာသေးမီအချိန်လေးတွေတုန်းကလဲ သူတို့နှစ်ယောက်ဟာ ရှမ်းပြည်နယ်ကို အပန်းဖြေဖို့အတွက် ခရီးလေးတစ်ခုထွက်ခဲ့ပါသေးတယ်။ အခုပုဂံကိုရောက်နေချိန်မှာ စိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုကတော့ နန်းစုက G fatt ကိုနာမည်ပြောင်လေးတစ်ခုပေးခဲ့တာဖြစ်ပါတယ်။

နန်းစုကတော့ သွားချင်တဲ့နေရာကို အရမ်းဂျီကျတတ်တဲ့ G fatt ကို ဂျီတိုက်ဆိုပြီးနာမည်လေးပေးခဲ့တာဖြစ်ပါတယ်။ ပျော်ရွှင်မှုတွေထပ်တူကျပြီး သာယာဖြောင့်ဖြူးနေတဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့သူတို့နှစ်ယောက်အတွက်တော့ ထိုနာမည်ပြောင်လေးက ချစ်စနိုးနာမည်လေးတစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ ပရိတ်သတ်တွေရော G fatt ကို နန်းစုက ဂျီတိုက်လို့ခေါ်မှာကိုသဘောကျရဲ့လား။

source - Nansu fan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။