စင်ကာပူနိုင်ငံမှာ တိရိစ္ဆာန်ဥပဒေအရ ခွေးလေးကိုနံရံကိုပစ်ပေါက်တဲ့အမျိုးသား ထောင်ဒဏ်(၃)လ ကျခံခဲ့ရတယ်လို့သိရပါတယ်။ ချစ်သူကောင်မလေးရဲ့ အိမ်မွေးခွေးလေးကို နှိပ်စက်ပြီး နံရံကို ပစ်ပေါက်ရိုက်သတ်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် စင်ကာပူအမျိုးသား ဂျရယ်ကော့ဇင့်အွိုင်ဘဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအကြား ကော့က ခွေးလေးကို အကြိမ်ပေါင်းများစွာ နှိပ်စက်ခဲ့လို့ သူ့ကို တရားစွဲခဲ့တဲ့ အမှုပေါင်း ၇ ခုထဲကနေ အမှု ၄ ခုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာဘဲဖြစ်ပါတယ်။

တရားစွဲဆိုသူ ရက်ပ်တက်ချုရန်ပြောကြားချက်အရ “ပြဿနာအားလုံး စခဲ့တာက ဇူလိုင်လမှာ၊ ထရီရှာက ကော့ကို အကြောင်းမဲ့ ကိုက်လိုက်တာက စခဲ့တာ” လို့ သိရပါတယ်။ အဲဒီခွေးလေးကို ကော့ရဲ့ချစ်သူကောင်မလေး အစ်ကိုက ပိုင်ဆိုင်ပြီး ထားတာဖြစ်ပြီး ခွေးလေးအမည်ကတော့ ထရီရှာဖြစ်ပါတယ်။ ကော့ကလည်း ဇူလိုင်လနောက်ပိုင်း လတွေအတွင်း ခွေးကို အကြိမ်အနည်းငယ် နှိပ်စက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ခရစ္စမတ်နေ့မှာတော့ ခွေးသေသွားတဲ့အထိ ဖြစ်သွားတာလို့ ဝန်ခံခဲ့ပါတယ်။ 

ခွေးလေးက တာရှည် နှိပ်စက်ခံရပြီး စိတ်ဒဏ်ရာရခဲ့လို့ ကော့ကို ထောင်ဒဏ် ၃ လခွဲ ကျအောင် တရားစွဲဆိုသူက ကြိုးစားခဲ့ပေမယ့် ကော့ရဲ့ အကျိုးဆောင်ရှေ့နေ ဂျိုးဇက်တန်က ထောင်ဒဏ် ၁၀ ပတ်က သင့်တော်ကြောင်း၊ တရားစွဲဆိုသူက ခွေးရဲ့ တိုးတိုးဖော်မဟုတ်လို့ ခွေးက စိတ်ဒဏ်ရာရတယ်ဆိုတဲ့ အပြောကို ခွင့်မပြုသင့်ကြောင်း ပြောပြီး တရားစွဲသူရဲ့ ပြောဆိုမှုကို ချေပခဲ့တယ်လို့ သိရပါတယ်။ ယခုအခါမှာတော့ ကော့ကို ထောင်ဒဏ် ၃ လ ချမှတ်ပြီး အိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်မှု ၁ နှစ်ပိတ်ဖို့ စီရင်ချက်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

source - dvb tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။