ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှုး စီရော်နယ်ဒိုဟာ မက်ဒရစ်မြို့မှာ ဟိုတယ်ဖွင့်လှစ်သွားတော့မှာလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုဟာ မက်ဒရစ်မြို့ထဲမှာ ရှိတဲ့ ရှေးဟာင်းစာအုပ်ဆိုင်ကြီးကိုဝယ်ယူပြီး ဟိုတယ်အဖြစ်ပြန်လည်ပြောင်းဖွင့်သွားမှာလည်းဖြစ်ပါတယ်။အဆိုပါအဆောက်အအုံဟာ Casa Del Libro အမည်ရှိတဲ့ ရှေးဟောင်းစာအုပ်ဆိုင်ကြီးဖြစ်ပြီး ရှေးဟောင်းအကျဆုံးနဲ့ အလှဆုံး အဆောက်အအုံတစ်ခုလည်းပါတယ်။ 

အဆိုပါ အဆောက်အအုံဟာ ကိုးထပ်အမြင့်ရှိတဲ့ အဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့် ဟိုတယ်ဖွင့်ရင် အခန်းပေါင်း ၁၀၀ ကျော်နဲ့ ဖွဲ့စည်းသွားမှာဖြစ်ပြီး ကိုးထပ်မြောက်မှာတော့ စီရော်နယ်ဒိုဟာ သူ့အတွက် အိမ်ခန်းအဖြစ်တည်ဆောက်သွားမှာလည်းဖြစ်ပါတယ်။ထိုဟိုတယ်အတွက် သန်း ၈၀ ကျော်လောက် ကုန်ကျသွားမှာလည်း ဖြစ်ပါတယ်။

ဒီဟိုတယ်အတွက် မက်ဒရစ်မြို့က အိမ်ခြံမြေဆိုင်ရာတာဝန်ရှိသူတွေနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီလည်းဖြစ်ပါတယ်။ရော်နယ်ဒိုဟာ မကြာခင်မှာပဲ ဟိုတယ်လေးလုံး ပိုင်ဆိုင်သွားတော့မှာလည်းဖြစ်ပါတယ်။ဒါ့အပြင် စီရော်နယ်ဒိုရဲ့ CR 7 တံဆိပ်အမှတ်အသားနဲ့ ရေမွှေး၊ အတွင်းခံ စတဲ့ အသုံးအဆောင်များဟာလည်း အောင်မြင်မှုရရှိနေတာလည်းဖြစ်ပါတယ်။

source -Madridista Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။