နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့်တစ်ယောက် Procare Family Soap မှာ ကြီးမှူးကျင်းပတဲ့ Procare မေမေ သက်မွန်မြင့် နှင့် တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ Procare ဆပ်ပြာရဲ့အမှတ်တံဆိပ်အရောင်ဖြစ်တဲ့ အစိမ်းရောင် လေးကိုဝတ်ဆင်ထားပြီး အလှကြီးလှနေတဲ့ ကလေးတို့မေမေကတော့ ဘယ်အချိန် ကြည့် ကြည့် ကျက်သရေရှိတဲ့အပြုံးလေးတွေနဲ့ ပရိတ်သတ်ရင်ကိုအေးမြစေသူလေးပါပဲ။ ပရိတ် သတ်တွေက ချစ်သက်လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး ယခုချိန်ထိအနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားသားနဲ့သမီးလေးတို့ရဲ့မေမေလည်းဖြစ်ပါတယ်။ အကယ်ဒမီဆုနှစ်ဆုထိပိုင်ဆိုင်ထားပြီး အောင်မြင်တဲ့မင်းသမီးတစ်လက်လည်းဖြစ် ပရိတ်သတ်တွေရဲ့အချစ်တော်လေးလည်းဖြစ် လို့နေပါတယ်။ လက်ရှိနောက်ဆုံးရုံတင်ပြသခဲ့တဲ့ " ဥပါယ်တံမျဉ် " ဇာတ်ကားဟာလည်း ပရိတ်သတ်တွေကြားမှာ အရမ်းကိုရေပန်းစားခဲ့တဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ တက်သစ်စ သရုပ်ဆောင်တွေကို လက်တွဲခေါ်ယူတဲ့အနေနဲ့ သူမကပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ် တွေရဲ့တခဲနက်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ Prcare Family Soap မိသားစုကျင်းပတဲ့ Procare မေမေ သက်မွန်မြင့်ပွဲလေးကို တက်ရောက်ခဲ့တဲ့ အစိမ်းရောင်မင်းသမီးလေး ချစ်သက်ရဲ့မြန်မာဆန်တဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ချစ်သက်လို့ခေါ်တဲ့ သက်မွန်မြင့်ရဲ့ လုံးဝလျော့ပါးမသွားပဲ တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးလာတဲ့ အလှတရားတွေကို ကြည့်ရှုပြီး ပရိတ်သတ်ကြီးရဲ့ ဘဝအမောတွေပြေပျောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။