လူတိုင်းဆီမှာ Crush တစ်ယောက်လောက်တော့ ရှိခဲ့ဖူးမယ်ထင်ပါတယ်။ လက်ရှိမှာ ရှိနေတယ်ဆိုရင်လည်း တမင်တကာကြီးမဟုတ်ပဲ မသိမသာလေး သူစိတ်ဝင်စားလာအောင် ဘယ်လိုလုပ်မလဲ ဆိုတာပြောပြပေးမယ်နော် ။

(၁) သူ့အကြိုက်ကလေးတွေမှတ်ထားတက်တာ ။

သူနဲ့တွေ့ဆုံတဲ့အခါ သူ့အကြိုက်လေးကို ဝတ်သွားတက်တာ ဒါမှမဟုတ် အစားအသော က်စားတဲ့အခါ သူ့အကြိုက်လေးတွေမှာပေးတက်တာ။ ဒီလိုနဲ့ အသိအမှတ်ပြုမှုလေးတွေ ရရှိလာမှာပါ။

(၂) သူ့အလုပ်အကြောင်းကို စိတ်ဝင်စားမှုရှိတာ ။

တကယ်ပဲ စိတ်မဝင်စားလဲ စိတ်ဝင်စားချင်ယောင် ဆောင်လိုက်ပါ။ ဘာလို့ဆို သူနဲ့အတူ စကားလက်ဆုံကျဖို့က သူလက်ရှိလုပ်နေတဲ့အလုပ်အကြောင်းကမေးတာက သဘာဝအကျဆုံးပါ။

(၃) Chat တဲ့အခါ ။

Crush က မီးစိမ်းနေပြီဆိုရင်တော့ သွားပြီးစကားပြောချင်တယ်ဆိုရင် Hi ! Hello ! တို့ထက် မေးခွန်းလေးတွေမေးကြည့်လိုက်ပါ။ အလုပ်နဲ့ဖြစ်ဖြစ် ကျောင်းနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေပဲဖြစ်ဖြစ် မေးကြည့်လိုက်ပါ။


(၄) သူ့သူငယ်ချင်းတွေနဲ့လည်း ခင်မင်မှုရှိပါ။

အောင်သွယ်တော်ဆိုတာ သူငယ်ချင်းတွေကစတယ်ဆိုတာကို သင်မေ့နေပြီလား? ဒီအတွက် သူ့သူငယ်ချင်းတွေကိုလည်း မိတ်ဖွဲ့ဖို့ မမေ့ပါနဲ့။

(၅) အရမ်းကြီးမသိသာစေပါနဲ့ ။

လူတစ်ယောက်က သူ့ကို Crush နေတယ်ဆိုတာကို သိသွားပြီဆိုရင်တော့ အနည်းနဲ့ အများဆိုသလို ပြောင်းလဲလာတက်ပါတယ်။ ဒီတော့ အရမ်းကြီး မသိသာစေနဲ့နော် ။

နည်းလမ်းသစ်တွေလဲရပြီဆိုတော့ စမ်းကြည့်ဖို့ပဲ လိုတော့တယ်နော် ။

Source – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။