ဘာသာရေးအကြောင်းပြီး အသက်မပြည့်သေးသည့် မိန်းကလေးများကို ပန်းဦးလွှတ်တယ်ဆိုပြီး မတရားဖျက်စီးမှုတွေပြုလုပ်ခဲ့တယ်လို့ တိုင်ကြားခံရတဲ့ ခွန်တန်ဆိုတဲ့ မြေပြင်သတင်းများအ ရ ထိုင်းနိုင်ငံတွင် ၎င်း၏ အပေါင်းပါအချို့နှင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားချက်အရ သိရပါတယ်။ သာသနာ့ဝတ်ရုံခြုံလွှာကာ လူတွေယုံကြည်မှုအရယူပြီး အမျိုးသမီးငယ်တို့ဘဝကို ဖျက်ဆီးတိမ်းရှောင်နေခဲ့တာဖြစ်ပါတယ်။

‘‘သူဘယ်လောက် ပြေးနိုင် မှာလဲ။ တစ်သက်လုံး နေနိုင်မှာ လား။ နေနိုင်ရင် နေပါစေ။ အဲဒီ တော့ ထိုင်းဘက်ကိုလည်း ဟိုမှာ ရှိတဲ့ မြန်မာသံရုံးကတစ်ဆင့်၊ မြန်မာ ကောင်စစ်ဝန်ရုံးကတစ် ဆင့် လိုက်နေပါတယ်’’ ဟု ၎င်း ကဖေဖော်ဝါရီ ၈ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးတက် ရောက်ပြီးနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဝန်ကြီးက သတင်းမီဒီယာ များအား ဖြေကြားခဲ့ပါတယ်။‘‘ခွန်တန်ပြေးလို့ မလွတ်ပါ ဘူး။ မိမှာသေချာပါတယ်’’ လို့လည်း ပြောကြားထားပါတယ်။

ခွန်တန် (ခ) ဇာတ်လိုက်နှင့် အတူ ၎င်း၏ အပေါင်းအဖော်များ ဖြစ်သော သထုံမြို့နေ အမျိုးသား ခြောက်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၆ (အတင်းအဓမ္မ ပေါင်း သင်းရန်ခိုးယူမှု)၊ ၃၆၃ (လူခိုးယူ မှု)၊ ၁၁၄ (အားပေးကူညီမှု) တို့ ဖြင့် ခွန်တန်နှင့် လက်ချည် (လက် ထပ်)ခဲ့သော အမျိုးသမီးငယ်၏ ဖခင်တစ်ဦးက တရားလိုပြုလုပ် ကာ အမှုဖွင့်ခဲ့သည်။

source - 7 Days New 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။