ဖေဖော်ဝါရီလ(၉)ရက် မနက်(၁၀)နာရီခွဲအချိန်၊ ညောင်လေးပင်မြို့မရဲစခန်းတွင် အချုပ်သားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇေယျာဦးအမည်ရှိတဲ့ ၎င်းအချုပ်သားကိုတော့ ညောင်လေးပင်မြို့မရဲစခန်းက ရဲတပ်သား နိုင်ထူးအောင်က ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ရဲအရာရှိတစ်ဦး ကပြော ပါတယ်။အဆိုပါ အချုပ်သားကတော့ ညောင်လေးပင်မြို့မ ရဲစခန်းတွင် ပြည်ပအလုပ်အကိုင်ပုဒ်မ ၂၆နဲ့ တရားစွဲဖမ်းဆီး ခံထားရသူပဲဖြစ်ပါတယ်။ 

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အချုပ်သားဖြစ်သူရဲ့ ဘယ်လက်မောင်းတွင် ကျည်ဆန်ထိမှန်ခဲ့တယ် လို့သိရပါတယ်။၎င်းသေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ညောင်လေးပင်ဆေးရုံမှာအရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ ညောင်လေးပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ဘာကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်ဆိုတဲ့အကြောင်းအရင်း ကိုတော့သေချာမသိရသေးပဲ စုံစမ်းစစ်ဆေးနေတယ် လို့၎င်းကပြောပါတယ်။ 

လက်ရှိမှာတော့ သေနတ်ဖြင့်ပစ်ခတ်ခဲ့တဲ့ ရဲတပ်သား နိုင်ထူးအောင် ကိုရဲတပ်ဖွဲ့မှ အသေးစိတ်စုံစမ်းစစ်ဆေး နေတယ်လို့သိရပါတယ်။ဆက်လက်ပြီးလည်း လက်ရှိတည်ဆဲဥပဒေများအရ အရေးယူဆောင်ရွှက်သွားမယ်လို့ ပြည်ထဲရေးမှသတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။  

သတင်းအရင်းအမြစ် - ဖြိုးကိုလင်း(ညောင်ဝိုင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။