နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်တစ်ယောက် အဆိုတော်စစ်သွေးရဲ့ " ချစ်တာကိုဟ " တေးစီးရီး Album မိတ်ဆက်ပွဲလေးကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီသီချင်းခွေလေးဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက် (ချစ်သူများနေ့) မှာထွက်ရှိမှာဖြစ်ပါ တယ်။ ဒီပွဲကိုတက်ရောက်လာတဲ့ သူမရဲ့အစိမ်းရောင်ဖက်ရှင်လေးက တကကယ်ကို ကြွေ ချင်စရာပါပဲ ပရိတ်သတ်ကြီးရေ။ အောင်မြင်တဲ့ မော်ဒယ်တစ်ဦး ဖြစ်ပြီး လက်ခံအားပေးသူ တွေကလည်း အများအပြားပါပဲ။ ပြီးခဲ့တဲ့ 2017 ခုနှစ်က ကျင်းပခဲ့တဲ့ Miss Grand International ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အစစ အရာရာ ပြင်ဆင်ပြီးမှ အကြောင်းအမျိုးမျိုး ကြောင့် အေဂျင်စီနဲ့ပြဿနာတက်ကာ ပွဲမှာမဝင်ရောက်နိုင် တော့တာပဲ ဖြစ်ပါတယ်။

ပွဲမှာဝင်ရောက်မယှဉ်ပြိုင်ဖြစ်ပေမယ့် သူမရဲ့အလှနဲ့ပညာကိုတော့ ပရိတ်သတ်တွေက အသိမှတ်ပြု လေးစားပြီး အားပေးခဲ့ကြပါတယ်။ သူမဟာ မော်ဒယ်အလုပ်ကိုစိတ်ဝင်စားတဲ့ အတွက် မော်ဒယ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မှာဖြစ်ပြီး ရုပ်ရှင်ရိုက်ဖို့ကိုတော့ သိပ် အားမသာဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် မကြာခင်မှာ သူမကရုပ်ရှင်ရိုက်ကူးတော့မှာဖြစ်ပြီး ဒီဇာတ်ကားမှာ မောက်မာတဲ့ခပ်ချေချေသူဌေးသမီးတစ်ယောက်အဖြစ်နဲ့ သရုပ်ဆောင်ရ မှာဖြစ်ပါတယ်။ သူမကို လူမုန်းများစေမယ့် Character မျိုးမလုပ်ဖို့ ပြောကြပေမယ့် သူမ ကိုယ်တိုင်က ဒီလိုပုံစံမျိုးကိုပဲ သဘောကျ ပြီး သရုပ်ဆောင်ကြည့်ချင်တယ်လို့ ဆိုပါတယ်။

သူမဟာ အားပေးသူအမြောက်အများနဲ့ အောင်မြင်တဲ့မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ချစ်သူ အေးနေဝင်းနဲ့ သူမတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းဟာလည်း လက်ရှိထိ အဆင်ပြေပြေနဲ့ကောင်းမွန်စွာ ရွှေလက်တွဲနေတာပဲဖြစ်ပါတယ်။ ပွဲလေးကိုတက်ရောက်လာ တဲ့ သူမရဲ့အစိမ်းရောင်ဖက်ရှင်လေးက တကယ့်ကိုကြွေချင်စရာပါပဲ။ မကြာခင်မှာစတင် ရိုက်ကူးတော့မယ့် သူမရဲ့ဇာတ်ကားကြီးထွက်လာရင်လည်း ပရိတ်သတ်ကြီးက အားပေးပါ ဦးလို့။

Photo - Shwe Eain Si's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။